အချပ်ပို

932 34 2
                                    

အခန်းထဲကကုတင်ပေါ်မှာထိုင်ရင်း တစ်ယောက်တည်းစကားတွေပြောနေသော သားဖြစ်သူကိုကြည့်ကာ ဒေါ်ခင်မမတစ်ယောက် နောင်တကြီးစွာရနေရသည်။

သူမသာ ဂုဏ်ပကာသနတွေ၊ မျိုးရိုးစည်းစိမ်တွေကို ထည့်မတွက်ခဲ့ဘူးဆိုရင်... သားအလိုကျ သားငယ်ရဲ့ဆန္ဒကို လိုက်လျောပေးခဲ့မယ်ဆိုရင်...

ဟင်း...
သူမ သားရဲ့ဆန္ဒမပါတဲ့မင်္ဂလာပွဲကို အတင်းအကြပ်စီစဉ်မိခဲ့သည်။ ငယ်ငယ်ကတည်းက တက်သိလိမ္မာသောသားမို့ လက်ခုပ်ထဲကရေလို အပိုင်တွက်ထားမိသမျှ သားကခေါင်းမာမာနဲ့ငြင်းဆန်လာခဲ့တဲ့အခါ သူမကြိတ်မနိုင်၊ခဲမရတွေဖြစ်ခဲ့တော့သည်။ နောက်ပြီး သားအခုလိုငြင်းဆန်နေတယ်ဆိုတာကလည်း မိန်းကလေးတစ်ယောက်ကြောင့်။ သူမစုံစမ်းတီးခေါက်ကြည့်တော့ မျိုးရိုးအသိုင်းဝိုင်းမရှိ၊ အဆင့်အတန်းမရှိ၊ ဂုဏ်ပကာသနမရှိ။ ဒီလိုဘာတစ်ခုမှမက်စရာမရှိတဲ့မိန်းကလေးကို သားဘယ်လိုစိတ်ကူးနဲ့တွဲနေသည်မသိပေမယ့် သူမကတော့ ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်။ သားက သူမတို့ရဲ့တစ်ဦးတည်းသောမျိုးဆက်။

ကိုယ်တိုင်က ချမ်းသာတဲ့အသိုင်းအဝိုင်းက ဆင်းသက်ပေါက်ဖွားလာတဲ့အပြင် ခင်ပွန်းဖြစ်သူကလည်း ဒိတ်ဒိတ်ကြဲမိုးကုတ်ကကျောက်သူဌေး။ အခုအခြေအနေနဲ့ဆို ထိုမိန်းကလေးက သူမတို့နဲ့မိုးနဲ့မြေလို။ ရွှေလင်ဗန်းနဲ့အချင်းဆေးပြီး ရွှေဇွန်းကိုက်မွေးဖွားလာတဲ့ကိုယ့်သားကို ဘာမဟုတ်တဲ့မိန်းကလေးနဲ့ ဒေါ်ခင်မမသဘောမတူနိုင်ခဲ့။
ထိုကြောင့် သားအတန်တန်ငြင်းနေပါလျက်နဲ့ သူမအစီအစဉ်တွေကို ဇွတ်တိုးအကောင်အတည်ဖော်ခဲ့သည်။ သူမရည်ရွယ်ချက်က ထိုမိန်းကလေးနဲ့သား ဝေးသွားဖို့တစ်ခုတည်း။

အစပိုင်း သားကပေါက်ကွဲကာ အားလုံးကိုခါးခါးသီးသီးပေမယ့် သူ့ကောင်မလေးနဲ့အကြပ်ကိုင်ခြိမ်းခြောက်တော့ ငြိမ်ကျသွားသည်။ မျိုးနဲ့ရိုးနဲ့နေလာခဲ့တဲ့ဒေါ်ခင်မမဟာ အိမ်ထောင့်တာဝန်ကျေပွန်တဲ့မိန်းမတစ်ဦးပေမယ့် အခြားအိမ်ရှင်မတွေလို ရိုးရိုးအအတော့မဟုတ်။ အလွန်ထက်မြတ်လို့ပဲ လူပျိုဘဝတုန်းက မျှာပွေသောသူ့ခင်ပွန်းကို ချုပ်ကိုင်လာခဲ့တာ သားတစ်သက်။ စီးပွားရေးလောကထဲလည်း ဝင်မပါတာသာရှိတာ ချက်ဆိုဒက် အထာနက်ပြီးသား။ ခုလည်း သားနဲ့ခင်ပွန်းက လုပ်ငန်းကိုဦးစီးလုပ်ကိုင်နေတာပေမယ့် တကယ့်အခွင့်အာဏာအချုပ်အချာက သူမလက်ထဲမှာ။

You've reached the end of published parts.

⏰ Last updated: Jun 24 ⏰

Add this story to your Library to get notified about new parts!

နင့် (အသဲနင့်အောင်ချစ်ခဲ့ဖူးသည်)Where stories live. Discover now