Chapter 9

51 4 0
                                    

[Unicode]Zee မှာ Tawan အပြုအမူတချို့ကြောင့် အံ့ဩ ရလေသည် ‘သူက Nunew ကိုကြိုက်နေတာလား?၊

"Zee မင်းမမြင်ဖူးလား သူ လက်ကောက်ဝတ် နီနေတာကို "

Tawan ပြောတာ မှန်သည် သူက "ဖတ် ဖတ်"နဲ့ အတင်း ဆွဲထားသဖြင့် သူ့ လက်ကောက်ဝတ်မှာ နီနေလေ ပြီ
Tawanက Nunew ကို "အဆင်ပြေလား"လို့ တိုးတိုး လေးမေးနေလေသည် Nunew က ခေါင်းတချက်ငြိမ့်ပြ လိုက်သည် Tawanက Nunew ကို အသာသွားတော့ ဆိုတဲ့ အမူအရာဖြင့် မေးငေါ့ပြ လေသည် Nunew ကလည်း နားလည်သွားသဖြင့် Zee ကို မျက်စောင်းတ ချက်ထိုးကာ ထွက်သွားလေ သည်။

"မင်း Nunew ကို ကြိုက်နေ တာလား?" Zee က အေးဆေးစွာမေးလေသည်။

"မင်းကြိုက်နေတာမလား?" Tawanက တုန့်ဆိုင်းချင်းမရှိ ဖြေလေသည်။

"ငါမကြိုက်ဖူး" Tawanက အခြားနေရာကိုမျက်နှာလွဲ း ဖြေလေသည်။

"လိမ်နေတာ မင်းမျက်လုံး ထဲမှာ ခုနက မီးတွေတောက် နေတာ ငါမြင်လိုက်သားပဲ သေချာမင်းနှလုံးသားမေး ကြည့်ပါဦး"

" ငါမင်းအထုတ်တွေ သယ်သွားနှင့်မယ်"

Tawanက သူluggageကို ဆွဲရင်း အရင် ထွက်သွားလေတော့သည်။

'ငါ Nunew ကို ကြိုက်နေတာ လား?' Zee က သူ ကိုသူမေးခွန်းထုတ်ရင်း ကျန်ခဲ့ လေသည်။

Nunew မှာ rehearsal ပြန် ရောက်သွားသောအခါ "New ခုနက Zee မလား?" စီနီယာParkက သူ့ကို မကြည့် ပဲမေးလေသည်။

"ဟုတ်ကဲ့ စီနီယာ"

"သူနဲ့ရင်းနှီးတာလား?" Park က အခုမှ Nunew ကိုကြည့် လိုက်ရင်း မေးလေသည်။

"မဟုတ်ဖူး သူကစကားပြော ချင်လို့ဆိုလို့ အတန်း အတန်း ကိစ္စပါ" Nunew က မသိချင် ယောင်ဆောင်ကာ လိမ်ရင်းဖြေလေသည်။

"ဟုတ်ပြီ "Park မှာလည်း ထပ်မမေးပေ 'Zeeက မာနကြီးလွန်းတယ် Nunew ကို နှောင့်ယှက်နေလျင် သူ့ အတွက် ထိခိုက်ဖို့ပဲများလေ မည်ဆိုတာ သူပိုသိလေတယ်'

နောက်တနေ့ အတန်း၌ Nunew မှာ သူထိုင်နေကျခုံ၌ ဝင် ထိုင်လိုက်သည် သို့သော် သူ့ ကို မျက်လုံးပြူးသွားစေသည် မှာ သူနဲ့ မျက်နှာချင်းဆိုင် ခုံ၌ Zee က မေးထောက်ကာ သူ့အားမျက်မှောင်ကြုံကာ ကြည့်နေ ခြင်းဖြစ်သည် 'ဘာလား?၊ သူ ကလည်း သူ့အား မျက်မှောင် ကြည့်၍ ပြန်ကြည့်လိုက်လေ သည်။

မင်းကို ချစ်စေခဲ့သော ကံကြမ္မာ...Where stories live. Discover now