1

1.4K 84 4
                                    


ပတ်ပတ်လည်မှာ ပျော်ရွှင်သံတွေ မောင်းသံဗုံသံတွေက စူးရှကျယ်လောင်စွာမြည်ဟီးနေသည် ။ တချိန်တည်းမှာပဲကြားရတဲ့ ရင်းနှီးကျွမ်းဝင်နေတဲ့တေးသွားဟာ အိမ်ထောင်ပြုခြင်း၏ပျော်ရွှင်မှုဖြစ်သည် ။

ချင်းဟယ် ဆေးတိုက်ကျွေးခံရပြီးနောက် ခြေလက်အင်္ဂါတွေ အားအင်ချိနဲ့ပြီး မူးဝေမှုနဲ့အတူ ကြမ်းပြင်ပေါ်မှာ အကြောသေနေသလို ‌ဖျော့တော့ခွေယိုင်နေသည် ။ နီနီရဲရဲခေါင်းဆောင်းကိုချွတ်ထားတာကြာပြီဖြစ်သည် အနီရောင်မင်္ဂလာဆောင်ဝတ်ရုံနဲ့လူက သံသရက်ရွက် သဏ္ဍာန် တံခါးရွက်နှစ်ခုကို ကြမ်းတမ်းစွာဝုန်းဒိုင်းကြဲဖွင့်လာသည် ။ နူးညံ့တဲ့အသားအရည်နဲ့ကွဲပြားစွာ ကျောက်စိမ်းခဲလို စိုပြေနွေးထွေးပြီး ချောမွေ့တောက်ပနေသည် ။

သူ့ခန္ဓာကိုယ်ကိုထောက်ကန်ထားရတဲ့ကြမ်းတမ်းတဲ့လူကြီးက ထိုသို့နွေဦးလိုရှုခင်းမျိုးမြင်လိုက်ရတဲ့အခါ အာဒန်ပန်းသီးလေး(လည်ဇလုတ်) လှုပ်ခတ်သွားပြီး သူ့မျက်လုံးတွေက လောဘတကြီးဖြင့်ဂုဏ်ယူဝမ်းမြောက်မှုတွေပြင်းပြကာ ပါးစပ်ထဲပြည့်နှက်လာတဲ့သွားရည်တွေကို ကူကယ်ရာမဲ့စွာမျိုချလိုက်ရသည်။

ချင်းဟယ် ထိုလူရဲ့အကြည့်စူးစူးတွေကြောင့်အရမ်းကြောက်ရွံ့မိသွားကာ သူ့ခြေလက်တွေကလည်းအားအင်ချိနဲ့နေတာကြောင့် သူ့ကိုကူညီနိုင်မယ့်သူတစ်ယောက်ယောက်ကို ရှာချင်ခဲ့သည် ။ သို့သော်လည်း ဆေးကျွေးခံထားရတဲ့လက်တွေက ထိုလူ့ရဲ့သန်မာတဲ့ရင်အုပ်ကျယ်ကြီးကိုတွန်းကန်ဖို့အင်အားတစ်စက်တောင်မရှိရုံသာမက တစ်ယောက်ယောက်ကိုခေါ်ဖို့လည်း မဖြစ်နိုင်ပေ။

သို့သော်ထို့သို့သော် ခြင်တစ်ကောင်ကဲ့သို့စိတ်အနှောင့်အယှက်ဖြစ်စရာကြိုးစားမှုသည် မျက်ခုံးထူထူကိုမျက်မှောင်ကြုတ်သွားစေပြီး အောက်ကသူ့ကိုပြင်းပြင်းထန်ထန်စိုက်ကြည့်ကာ ချင်းဟယ်ရဲ့လက်နှစ်ဖက်ကို သူ့လက်တစ်ဖက်တည်းနဲ့ ခေါင်းထက်တွင်လှုပ်မရအောင်ဖိချုပ်ထားလိုက်သည် ။

" မလုပ်ချင်ဘူးလား ။ "

ထိုလူကြီးက အံကြိတ်ကာ ထိုစကားသုံးလုံးကိုတိုတိုတုတ်တုတ်ပြောလာသည် ။ ချင်းဟယ်သာတကယ်ကြီးခေါင်းညိတ်ပြရဲရင် ကျန်လက်တစ်ဖက်နဲ့ သူ့လည်ပင်းကိုကြက်လည်လိမ်သလိုမျိုး ချိုးလိုက်မယ့်ပုံပင် ။

လူကြမ်းကြီးရဲ့ ချစ်ခင်ပွန်းလေးWhere stories live. Discover now