2

696 77 3
                                    

ရက်စက်ကြမ်းကြုတ်တဲ့မျက်နှာက ထင်ထင်ရှားရှားရှိနေကာ ဒေါသမထွက်သော်လည်း မာဆတ်ဆတ်အသံဖြင့်မေးလာသည်။

" နိုးပြီလား "

လူကြီးရဲ့အသံက သူ့ရဲ့ထွားကြိုင်းတဲ့ပုံရိပ်နဲ့လိုက်ဖက်ညီစွာ အေးစက်မာကြောပြီး နွေးထွေးမှုလုံးဝမရှိပေ။ 

သို့သော် လူကြီးရဲ့အသွင်အပြင်ကိုမြင်လိုက်တဲ့အခါ ဟယ်ရှန်း လုံးဝအံ့အားသင့်သွားသည်။  လွန်ခဲ့တဲ့ညက ဆေးကြောင့်ရော အဖျားကြီးတာကြောင့်ပါ မူးဝေနေပြီး အမြင်အာရုံမကြည်မလင်ဖြစ်နေကာ ရှင်းရှင်းလင်းလင်းမမြင်ရပေ။ 

မူလပိုင်ရှင်ရဲ့မှတ်ညာဏ်အရ အချိန်တိုင်းလိုလို သူက ရုပ်ဆိုးပြီး အရပ်ရှစ်ပေမြင့်ကာ ခါးတုတ်တုတ်ကြီးရှိသည် ရုပ်ပိုင်းဆိုင်ရာသန်မာမှုကသာမန်ထက်လွန်ကဲကာ သက်ရှိဝက်ဝံကြီးလို ကြီးမားတဲ့အသံရှိသည် ခြေထောက်ကြီးတွေကမြေပြင်ပေါ်ခြေတစ်လှမ်းလှမ်းလိုက်တာနဲ့ သုံးကြိမ်လောက်တုန်ခါသွားလိမ့်မည် ဟိန်းဟောက်အော်သံက ခြေလှမ်းတစ်ရာအတွင်းသားရဲကြီးတွေကိုပျံ့ကြဲသွားစေလိမ့်မည် ဒါပေမယ့် တကယ်တမ်းတော့ အခုမြင်နေရတာက စိတ်ဝိညာဉ်တွေနဲ့ထုဆစ်ထားသလို ကြမ်းတမ်းသောမျက်နှာတစ်ခုဖြစ်သည် ။ ကြမ်းတမ်းလွန်းတာကြောင့် ကြည်လင်ပြတ်သားမှုတချို့ပေါ်ပေါက်လာပြီး ဓားအိမ်မပါတဲ့ဓားတစ်လက်သဖွယ် နတ်ဆိုးဝိညာဉ်တွေအပြည့်နဲ့သွေးဆာနေတဲ့အေးစက်စက်အလင်းတန်းတစ်ခုနဲ့အတူ တောက်ပနေသည်။ 

ထိုနတ်ဆိုးရုပ်သွင်အမူအရာက လူတွေကိုခြိမ်းခြောက်နေသလိုခံစားရစေပြီး အကျည်းတန်နေတာမျိုးမဟုတ်တာ သေချာသည် ။

သို့ရာတွင် မူလပိုင်ရှင်နေထိုင်ရာယောင်ချီမင်းဆက်မှာ အမျိုးသားတွေက ပန်းရောင်ဆံထိုးဝတ်ဆင်ကြပြီး မိန်းမဆန်ကြတာကြောင့် အမျိုးသားနဲ့အမျိုးသမီးကို မခွဲခြားနိုင်ပေ ။ သဘာဝကျစွာပင် ကြမ်းတမ်းပြီးအေးစက်မာကြောတဲ့မျက်နှာနဲ့လူကြီးက ကြည့်မကောင်းတဲ့သူဖြစ်သွားသည် သို့သော် ဒါကမှ ဟယ်ရှန်းရဲ့အကြိုက်ဖြစ်သည် ။

ပျက်ကပ်နေ့ရက်တွေမှာအချိန်အကြာကြီးနေထိုင်ခဲ့ပြီးနောက် ခွန်အားထက်ပိုပြီးဆွဲဆောင်နိုင်တဲ့အရာမျိုးမရှိပေ ။ ဟယ်ရှန်းကိုယ်တိုင်က လိင်တူကြိုက်သူဖြစ်ပြီး ယောက်ျားတစ်ယောက်ရဲ့သန်မာထွားကြိုင်းမှုကိုမခုခံနိုင်သလို ဒေါသထွက်ခြင်းလည်းမရှိပေ ။

လူကြမ်းကြီးရဲ့ ချစ်ခင်ပွန်းလေးWhere stories live. Discover now