♤♤♤သီချင်းသံထမြည်လာသည့် ဖုန်းကို ထပိတ်မဲ့သူမရှိပေ။ဖုန်းသည် အချိန်အနည်းငယ်ကြာ တုန်ခါနေပြီး စက်ပြန်ပိတ်သွားကာ နောက်တခါထပ်တုန်ခါလာပြန်သည်။လက်တဖက်က ဖုန်းကို ပိတ်လိုက်မှသာ တုန်ခါနေခြင်းကရပ်တန့်သွားတော့၏။
အိပ်ယာပေါ်မှ လူကတော့ ဆက်၍လှဲအိပ်နေတုန်းပင်။မိနစ်၂၀လောက်ကြာသောအခါ ထိုလူသည် စောင်ပုံထဲမှ ခေါင်းတိုးထွက်လာခဲ့သည်။သူသည် နေ့စဥ်လုပ်နေကြဖြစ်သော ကုတင်ဘေးမှ မျက်မှန်ကို အရင်ယူလိုက်ကာ သန်းဝေလိုက်၏။
ကုတင်ပေါ်မှ ကြမ်းပြင်ပေါ်သို ခြေချမိတဲ့အခါ အေးလွန်လှတဲ့ ကြမ်းပြင်ကြောင့် ခြေထောက်ကို အပေါ်သို့ ပြန်တင်မိသွားသည်။ကုတင်ပေါ်မှပင် အပူပေးစက်ကို လှမ်းဖွင့်ပြီ အခန်းနွေးလာမှသာ အိမ်စီးဖိနပ်ဖြင့် ရေချိုးခန်းကိုထသွားသည်။
နေ့စဥ်လုပ်ဆောင်ရသော မနတ်သစ် ၊ သွားတိုက် သို့မဟုတ် ရေချိုးချင်လျှင်ချိုးပြီး ထိုလူသည် ကုတင်ပေါ်တွင် တခါထပ်လှဲလျောင်းနေကာ ပျင်းရိနေတက်သေးသည်။
သူသည် ကုတင်ပေါ်တွင် လှဲနေရင်း နာရီကိုတချက်ကြည့်လိုက်သည်။
"10နာရီ 55 ငါတော်တော်အိပ်မိသွားတာပဲ အမေကငါ့ကိုလာမနှိုး_____ "
" ဒေါက် ဒေါက် အိုဒင် မထသေးဘူးလား "
"နိုးနေပြီ "
" ဒါဆို မာမီသွားပြီနော် "
" ဟုတ်ကဲ့ "
အိုဒင်သည် အခန်းထဲမှပင် အောက်ထပ်ဆင်းသွားသော မာမီ၏ ခြေသံကိုကြားနေရသည်။အိုဒင်သည် ခက်ခက်ခဲခဲ အိပ်ယာပေါ်မှထ၍ အိမ်အောက်သို့ဆင်းလာခဲ့သည်။မီးဖိုချောင်းထဲတွင် တင်ထားသော မနတ်ရှိပြီး မနတ်စာဘေးတွင် စာရွက်တစ်ရွက်လည်းရှိသေးသည်။ရေးထားသည်က...
' နိုးရင် မနတ်စာကိုအရင်စား မင်းဒယ်ဒီက စာစီဖို့အတွက် ဝတ္တုတစ်ပုဒ်ပို့ပေးထားတယ်တဲ့ အဲ့တာကို ၃ရက်အတွင်းစစ်ပေးထားလို့ပြောတယ် မနတ်စာအရင်စားနော် အလုပ်က နောက်မှလုပ် ကြားလား '
အိုဒင်သည် စာရွက်ကိုဘေးနားတွင် တင်ထားလိုက်ပြီး မနတ်စာကိုစစားလိုက်သည်။အချိန်ပိုင်းအလုပ်က ည ၆နာရီမှစမည်ဖြစ်သောကြောင့် စာစီဖို့ သူ့မှာ အချိန်အနည်းငယ်တော့ရှိသည်။
![](https://img.wattpad.com/cover/359462103-288-k101788.jpg)
YOU ARE READING
အနီရောင် မရဏဓါတ်လှေကား(Elavator game )
Horrorလူသေပြီဆိုရင် ဒါကဂိမ်းမဟုတ်တော့ဘူး ကြောက်စရာကောင်းတဲ့ ရာဇဝတ်မှုဖြစ်သွားပြီ။ Start - 28.5.2024 End - ??