Ep 16

3.9K 282 18
                                    

#Unicode

မင်္ဂလာဦးညတွင် Jungkook အရက်မူးလာခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ Taehyungက အတော်လေးပင် စိတ်ဆိုးသွားတာဖြစ်၏။
Jungkook ဘာပြောပြောနားမထောင်သလို ၊ ပြန်လည်းမပြောပါပေ ။
Jungkook ဆိုသည်မှာလည်း Taehyung စိတ်ကောက်နေလျှင်နေနိုင်သူမဟုတ် ၊ အဲ့တာကလည်း သူငယ်ချင်းဘဝကတည်းကဖြစ်၏ ။ နည်းအမျိုးမျိုးဖြင့်ချော့နေမိတော့သည် ။

"အချစ်ကလေး.... ဘယ်အချိန်ထိအခုလိုနေမှာလဲကွာ .... အချစ်ကလေး ဒီကယောက်ျားကိုစကားမပြောတာ ၁၅နာရီ ၄၈မိနစ်နဲ့ ၅၆စက္ကန့်ရှိသွားပြီနော်"

အဝတ်တွေခေါက်နေသည့် Taehyung ရဲ့ခါးသိမ်သိမ်လေးအား Jungkook ပွေ့ဖက်၍ ချွဲပျစ်စွာဆိုလိုက်သည် ။ သို့သော်လည်း ကောက်စိန်ကတော့ဘာစကားမှပင်ပြန်မပြောပါချေ ။

"တောင်းပန်ပါတယ် ... မှားပါတယ်.. ယောက်ျားမှားပါတယ်အချစ်ကလေးရာ... နောက်မဖြစ်စေရဘူးနော်... တကယ်ကတိတည်မှာမို့ ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါ"

Taehyung နှင့်မျက်နှာချင်းဆိုင်ကိုသွား၍ ကိုယ့်နားရွက်ကိုယ်ဆွဲကာ မျက်နှာငယ်လေးနှင့် ထပ်မံတောင်းပန်မိ၏ ။
ဒီတစ်ခါတော့ အခြေအနေထူးခြား၏... Taehyungမှာ ခပ်ယေးယေးလေးပြုံးသွားသည်လေ ။

"အချစ်ကလေးကြိုက်တဲ့အပြစ်ပေးကွာ..ယောက်ျားကျေကျေနပ်နပ်ကြီးလက်ခံမယ်.. စကားလေးတော့ပြန်ပြောပေးလေကွာ.. နော်"

အကြည့်ကိုရှောင်ဖယ်နေခဲ့သည့် Taehyungက ယခုအခါမှာတော့ မျက်စောင်းလေးထိုးကာကြည့်လာသည် ။ ထိုသို့ မျက်စောင်းထိုးလိုက်သည်ကပင် Jungkookရင်ခုန်သံများအား ကဆုန်ပေါက်နေစေတော့တာဖြစ်၏။

"ဒီက မလိမ္မာတဲ့ယောက်ျားကို အပြစ်ပေးပါဗျ..."

Jungkook ထိုသို့ပြောလိုက်တော့ Taehyungကအသံထွက်အောင် အော်ရယ်လာသည် ။ Jungkookစကားကို သဘောကျသွားပုံရ၏ ။

"နောက်ဆုံးတော့ အချစ်ကလေးရယ်ပြီပေါ့လေ.. ဒီကယောက်ျားကိုစိတ်ဆိုးပြေသွားပြီလား"

"တော်ပါ ... စကားကိုဘယ်လိုတွေပြောနေတာလဲ ... စိတ်ဆင်းရဲစရာကြီး"

"ဟောဗျာ.. ကိုယ့်ယောက်ျားကိုယ်ချွဲပြီး Romantic ဆန်ဆန်လေးပြောချင်လို့လေ မရဘူးလား"

From Best Friend To Bed Friend(Completed)Where stories live. Discover now