"မောင် ရေကလေးတွေခနကြည့်ထားအုံးနော် ငါဟင်းချက်နေလို့"
"မောင့်ခင်ပွန်းနားလေးပဲကပ်ချင်တာပါဆို ကလေးတွေကသူ့ဘာသူနေတက်ပါတယ်"
"မရဘူးလေမောင်ရယ် ကလေးတွေကြည်လွှတ်ထားလို့မရဘူး သွားပါမောင်ရယ် လိမ်မာပါတယ်နော်"
ချွဲသလိုလိုလေးပြောတော့ အမောင်သက်ပိုင်တို့ခံနိုင်ရိုးရှိမလားမျက်နှာကြီးဖြီးပြီးတော့ထွက်သွားလေရဲ့ ကလေးတွေထက်ပိုပြီးအချော့ကြိုက်တဲ့သူကြီး
"ဖေဖေ "
"ပြောစေဗျာ"
"အသည်းကွဲရယ်ဆိုတာဘယ်လိုမျိုးလဲဟင်"
စကားကခုထိပီနဲ့နေရာပီတယ်မပီချင်တဲ့နေရာမပီတဲ့လေးနှစ်သားလေးရဲ့စကားကြောင့်ရီချင်သလိုလိုတောင်ဖစ်သွားတယ် ဘာလဲအသည်းကွဲတယ်ဆိုလား မောင်ကောင်ဆက်သက်ပိုင်တို့ကတော့ တမျိုးထွင်ပြန်ပီး
"ဖေဖေကအချစ်ခံရတော့ မသိဘူးဗျာ သားသိချင်ရင်တက္ကသိုလ်ဘုန်းနိုင်ဖန်တွေသွားမေးလေ"
"ဟင့်ညီညီကသားကို ချစ်တော့၀ူးတဲ့"
"ဟုတ်လား သားကဘာသွားလုပ်လိုက်လို့လဲ"
"သားဘာလုပ်ပါ၀ူး သားအရုပ်ဆက်နေတာကို ညီညီကလာဆွဲတော့ပျက်သွားတာရေ အ့တာသားကအော်လိုက်တာကို ညီညီက ကိုကို့ကိုချစ်တော့ဘူးတဲ့ အင့် ပီးတော့ စကားလဲပြောတော့၀ူးး"
"သားကပြန်ချော့ပေါ့သားရဲ့"
"အင့် သားမှားလို့လား သားအရုပ်ယဲပျက်တွားရယ်လေ"
"သားက ညီညီရှိနေတာကိုညီညီနဲ့မကစားပဲပစ်ထားတာကို ညီညီကဘယ်စိတ်ကောင်းမလဲဟင် အ့လိုဆိုနောက်နေ့ညီညီကိုမလာနဲ့လို့ပြောလိုက်ရမှာလား"
"ဟင့် ပြောနဲ့"
"အရုပ်ကနောက်နေ့မှဆက်ညီညီရှိတုန်း ညီညီနဲ့ဆော့နော်"
"ဟုတ်"
မတည့်အတူနေတာဆိုတာ ဒီညီကိုနှစ်ယောက်ကိုပြောတာ ရန်ဖစ်လဲခနပဲပြီးရင်ပြန်တည့်တာ တယောက်နဲ့တယောက် မနက်မိုးလင်းတာနဲ့ တယောက်ကညီညီဆီ တယောက်ကကိုကိုဆီနဲ့ အ့လိုကိုသံယောဇဉ်ကြီးကြတာ
ခုလဲအပေါ်အောက်ကာတွန်း၀မ်းဆက်လေးနဲ့သားကကော့တော့ကော့တော့နဲ့ သူ့ညီညီကိုသွားချော့လေရဲ့

YOU ARE READING
ငါ့ယောကျာ်း ကြက်သမား
Lãng mạnမင်္ဂလာပါ ဒွိလိင် ficလေးပါ တခါမှမရေးဘူးပါဘူး ခုမှစရေးတာပါ Seme/လွင်မင်းသက်ပိုင် အသက်/24 Uke/လွမ်းပန်းချီ အသက်/26 နမည်တူတာရှိရင်ပြောပြပေးပါဗျပြင်ပေးပါ့မယ်ဗျ