"ဦးမဲလုံး ထန်းရည်တစ်မြူဗျို့"
"ရမယ် ထက်နိုင်တို့ရေ"
"ဟျောင့် ငါသောက်လို့မရဘူး အိမ်ကမောင်ဗိုက် သိရင် သတ်လိမ့်မယ်"
"မင်းကလဲကွာ မကြာပါဘူးပီးရင် ဩဇာရွက်ဝါးသွားကွာ အနံ့မထွက်အောင် မင်းလဲမသောက်ရတာကြာပီမလား"
"အ့တာတော့အ့တာပေါ့ကွာ.."
"ကဲပါကွာဒီတောင်ရောက်နေပီပဲနည်းနည်းသောက်သွားလဲဘာမဖစ်လောက်ပါဘူး ငါတယောက်ထဲသောက်ရမှာပျင်းလို့ပါကွာ ဟိုခွေးသူခိုးကလဲ သူ့ယောကျာ်းရွာသွားနေတာ ၃ရက်ရှိပီ ငါ့ကိုပစ်မထားကြပါနဲ့ကွာ"
"အေးပါကွာအေးပါခနပဲနော်"
"အေးပါကွ ဦးမဲလုံးကြွက်ကြော်ရှိလား"
"ရှိတယ်ရှိတယ် ခနလေး"
"ခများကြွက်ကကြီးယောကြီးရဲ့လားဗျာ ဟိုတစ်ခါကလဲအရိုးပဲကိုက်နေရတာ တခါတလေတော့သွားကြားညှပ်ချင်တယ်ဗျ"
"အေးပါကွာ ဒီတခါအသားပေါတဲ့အကောင်ပါထက်နိုင်ရ အကြီးဆုံးထဲကပဲရော့"
"ကျေးဇူးဗျို့"
"ငပိုင်ရော့ ချကွာ"
"ဖစ်ပ့မလားကွာ ငါ"
"ကဲပါကွာသောက်စမ်းပါ တခါတလေသောက်တာပဲ"
တစ်ခွက်တစ်ခွက်နဲ့ သောက်လာလိုက်တာ ၅မြူတောင်
ရှိသွားပီ မမူးသေးဘူးဆိုပေမဲ့ရီဝေဝေလေးတော့ဖစ်နေတာပေါ့ အချိန်ကလဲ၅နာရီဖစ်နေပီ လယ်ထဲကနေဒီလာတာဆိုတော့ဆိုင်ကယ်လဲမပါ နောက်ငါးမိနစ်နေရင်ပြန်မယ်ပြန်မယ်နဲ့ခုထိမပြန်ဖစ်သေး"မင်းသိလား အိမ်ကမောင်ဗိုက်လေ တအားရစ်တာကွာ ငါ့မယ်တနေ့တနေ့ချော့လိုက်ရတာ ဆိုတာ အာပေါက်မတက်ပဲ"
"ဟ အေ့ မင်းပဲချစ်လှပါကြည်ရဲ့ဆို ကြာတယ်ဟျောင့်ဘုန်းကြီး၀တ်လိုက်တော့"
"ဟ့ ၀တ်စရာလား ငါကအ့ရစ်တာလေးကိုချစ်တာ ချော့ရတော့လဲ အေ့ ဘာဖစ်လဲ ငါ့ယောကျာ်းပဲချစ်တော့လဲအပြစ်မမြင်ရက်ပါဘူးကွာ အေ့ မင်းသာ ခုထိရည်းစားမရှာနိုင်သေးပဲ ဒါတွေဘယ်နားလည်မလဲ"
YOU ARE READING
ငါ့ယောကျာ်း ကြက်သမား
Romanceဆာဝါတီခ ဒွိလိင် ficလေးပါ တခါမှမရေးဘူးပါဘူး ခုမှစရေးတာပါ Seme/လွင်မင်းသက်ပိုင် အသက်/24 Uke/လွမ်းပန်းချီ အသက်/26 နမည်တူတာရှိရင်ပြောပြပေးပါဗျပြင်ပေးပါ့မယ်ဗျ