🌸

141 15 0
                                    




ထွက်ခွါသွားတဲ့လေယာဉ်နဲ့အတူ ၊ တိုက်ခတ်လာတဲ့ လေညင်းတွေဟာ တရွေ့ရွေ့ ။ အဲ့သည့်လေညင်းတွေထဲ ကျွန်မရဲ့သက်ပြင်းချသံတွေပါ ပါရင် ပါနေဦးမှာ ... ။

လေဆိပ်ကနေ ထွက်လာတဲ့လမ်းတစ်လျှောက် ကျွန်မတွေးလာမိတာဟာ သူနဲ့ ကျွန်မရဲ့ ရှေ့ဆက်ရမဲ့လမ်းခရီးအကြောင်း ... ။ ရှေ့ဆက် ဆိုတဲ့စကားလုံးအကြောင်းတွေးမိပြန်တော့ သူနဲ့ ကျွန်မဟာ ဘာမှမဟုတ်ပြန်တာကိုလည်း သတိရမိပြန်ရော ... ။

သူနဲ့ ကျွန်မဟာ သည်လိုပဲ
သူငယ်ချင်းတဲ့လေ ...

( ၁ )

ဆူးလေလမ်းမကြီးပေါ်က ဆူးလေစကွဲရှေ့က ကုန်းကျော်တံတားဆီကို ကျွန်မ ဘာရယ်မသိ ရောက်လာခဲ့ပြန်တယ် ... ။ အဲ့သည့်နေရာမှာ အတိတ်က သူနဲ့ ကျွန်မရဲ့ ရယ်သံတွေရော ဖြည့်စွက်လျက်ပဲ ... ။

"ရည်းစားမထားနဲ့နော် ၊ ထားရင် နာမယ်" ဆိုပြီး လက်သီးဆုပ်ကလေးပြပြီး ထားသွားခဲ့တဲ့သူကို ကျွန်မက အခုလွမ်းနေမိတာတဲ့လား ... ။

သူငယ်ချင်း ...
အင်း သူငယ်ချင်းပဲပေါ့ ...

( ၂ )

"ရဝေ ၊ သည်မယ် သူရိန့် Vd call လာနေတယ် ၊ လာနှုတ်ဆက်လိုက်ပါဦး ။"

မေမေ့ရဲ့အော်ခေါ်သံဟာ နားထဲစွက်ခနဲ ၊ မပြောချင်ပါဘူး အဲ့သည့်ကောင်နဲ့ ... ။

"ရဝေ ။"

"သမီး ... မပြောချင်ဘူး ၊ မေမေ ။"

လှမ်းအော်ပြောမိတော့ သကောင့်သားက ကြားသွားသည်ထင် ၊ "စိတ်ကောက်နေတုန်းလား" တဲ့ ။

ကျွန်မကိုယ်ကျွန်မလည်း ဝေခွဲမတတ်တော့ပါ ၊ သူရိန်မောင်ဆိုတဲ့သူ့ကို နုရဝေ ဆိုတဲ့ ကျွန်မက ဘာကြောင့် စိတ်ကောက်နေရသလဲဆိုတဲ့ အချက်ကိုပင် ... ။

ချစ်နေတာလား ...
ချစ်မိနေတာထင်တယ် ...

( ၃ )

"ရဝေက သည်လို မပြင်မဆင်ပုံနဲ့တောင် သိပ်လှတာပဲနော် ။"

ချစ်ပန်းရနံ့ ရဝေ Where stories live. Discover now