လူကြမ်းဒိုင်ယာရီ💛

9.5K 202 16
                                    

Lu kyan's Diary (လူကြမ်းဒိုင်ယာရီ)
(Or) ကိုယ်ကလူကြမ်း ချစ်သူကပန်း

သန်လျင်သားကွန်းခိုဆိုတဲ့ကောင်လေးက ငယ်ငယ်ကတည်းကဇနဲ့ဇိုးကောင်လေး... ဘရုစ်စလီကိုအရူးအမူးကြိုက်ပြီး ၊ညအိပ်ရင်တောင်  နံချပ်ကူတုတ်ကို
ဖက်အိပ်တဲ့ကောင်မို့ ဘရုစ်လီကွန်းဟုနာမည်ပြောင်ရပြီး၊
ရန်ဖြစ်ကြရင်တောင်တဖက်ရန်သူက..
" ငကွန်း မင်းနံချပ်ကူတုတ်မထုတ်ကြေးနော်"
ဟုကြိုတင်ဟန့်တားကြရသည်။

သူ့မှာ ဇိုးဖော်ဇိုးဖက်ငယ်သူငယ်ချင်းတစ်ယောက်ရှိသေးတယ်။ ကံမော်တဲ့...
လက်သီးထိုးတဲ့နေရာမှာ အားပြင်းလွန်းလို့ သံလက်သီးဟုနာမည်ပြောင်ရထားသူဖြစ်သည်။

ပြီးတော့ ကွန်းခိုမှာ လေးညိုဆိုတဲ့ ညီမရင်းတစ်ယောက်ရှိသေးတယ်
၊ အဲ့တာကသူ့အမေမွေးလို့ မောင်နှမတော်တာမို့သိပ်မထူးဆန်းဘူး။

ဒါပေမယ့် သူ့အမေမမွေးထားတဲ့ညီမလေးတစ်‌ယောက်လည်းရှိသေးတယ်။ မိခါ....
နော်ခါရီဆိုတဲ့ ချစ်စရာကောင်းတဲ့ကပြားမလေးက
အိမ်နီးချင်းညီမလေးဖြစ်သည်။

မိခါနဲ့လေးညိုကရွယ်တူတွေမို့ အတူကြီးပြင်းလာကြရာ အစ်ကိုကြီးကွန်းခိုကသူတို့အားထိန်းခဲ့ရသည်။
မိခါ ဆိုတာက သူ့ကိုသိပ်ချစ်တဲ့‌ကဲကဲသဲသဲနဲ့အချွဲမလေး.. ငယ်ငယ်ကသူအရိုက်ခံရတိုင်းရရှေ့ဆုံးကငိုတဲ့ကောင်မလေး..

ဒီလိုမျိုး သံယောဇဉ်တွေနဲ့ကြီးပြင်းလာတဲ့အခါ..

(ကွန်းခိုကဘယ်တော့မှဆံပင်အရှည်မထားဘူး၊ ကတုံးဆံပင်သာသာနဲ့ပဲအမြဲနေတာ။
ဒါတောင်ဆံပင်တိုရှင်းရှင်းနဲ့နားမှာ နားကပ်အမဲတစ်ဖက်ဝတ်ထားတဲ့သူ့ပုံစံကအတော်ကြည့်ကောင်းနေပြန်ကာ စော်ကြည်နှုန်းကလည်း ရွှေဈေးလိုပဲနေ့တိုင်းတတ်နေလို့ခက်သည်။ အဟွန်း...

သူကညနေဆိုအလုပ်သွားပြီး ညနက်တော့ဆိုင်မှာပဲအိပ်၍မိုးလင်းမှအိမ်ပြန်ရသည်။
ဒီအတောအတွင်း ခလေးမတွေကလည်း၉တန်းရောက်လို့သူတတ်ခဲ့တဲ့ကျောင်းကိုပြောင်းရပြီ။

တစ်ရက်သူအလုပ်နားရတုန်းညနေစောင်းမှာကံမော်ဆီသွားအုံးမယ်ဆိုပြီးထွက်လာရာ၊ မိခါကလည်းအိမ်အပြင်ထွက်လာတာနဲ့တိုးသည်။
" ဟင် အစ်ကိုအလုပ်မသွားဘူးလား ..."
" ဒီနေ့နားရက်လေ..."
" ဪ ဟုတ် .."
" မိခါ ဘယ်သွားမလို့လဲ..."
" စတိုးဆိုင်..."

လူကြမ်းဒိုင်ယာရီ(or) ကိုယ်ကလူကြမ်းချစ်သူကပန်းWhere stories live. Discover now