အပိုင်း ၁💛

3.2K 124 3
                                    

1. Lu kyan's Diary (လူကြမ်းဒိုင်ယာရီ)
(Or) ကိုယ်ကလူကြမ်း ချစ်သူကပန်း

                                  အပိုင်း- ၁

ပေ ၁,၀၀၀ ခန့်အမြင့်ရှိသောကျောက်တောင်ကြီးများပေါ် လုပ်သားအချို့က ကြိုးများဖြင့် တွယ်တက်ပြီး ကျောက်သားများကို ဂန်းဖြင့် ထိုးဖောက်ခွဲနေသည်ကိုလည်ကောင်း၊ မိုင်းခွဲရလာသော ကျောက်တုံးကြီးများအား ကြိတ်ခွဲစက်အတွင်း ကြိတ်နိုင်သည့်အဆင့်ဖြစ်အောင် တူဖြင့် ပြန်လည်ထုခွဲ‌ နေကြခြင်းကိုလည်းကောင်း၊ ကျောက်ကြိတ်ခွဲစက်သို့ သယ်ပို့ပြီး ဗြုန်းကျောက်ငယ်များဖြစ်ရန် ထပ်မံကြိတ်ခွဲခြင်း အမှုပြု‌နေကြသူများကိုလည်းကောင်း...

တစ်စုံတစ်ယောက်သည်ကျောက်တောင်စွန်းမှရပ်ပြီးစီးမိုး၍ ကြည့်နေခဲ့သည်။
သို့သော်သူ၏အမြင်အာရုံထဲကထိုမြင်ကွင်းမျိုးသည်ဖန်တစ်ရာထပ်‌ နေပြီဖြစ်၍မည်သို့မှထူးခြားခြင်းမရှိ။

အဖြူရောင်ဂျာစီအကျီနှင့်ဆိတ်ခွံပုဆိုးတို့ကိုဝတ်ဆင်ထားသည့် ထိုသူမှာ ဆံပင်စစသာရှိသောကတုံးဆံပင်ကေနှင့်လေးထောင့်ဆန်ပြီးအနည်းငယ်ရှည်လျားသောမျက်နှာမှာကျဉ်းမြောင်းထားသည့်မျက်ဝန်းများကြောင့် မှုန်တေနေဟန်ရှိသည်။  ပါးရိုးနှင့်မေးဖျားမှမုတ်ဆိတ်မွှေး ပါးသိုင်းမွှေးများကဆံပင်နဲ့ဆတူအရွယ်အစားခန့်ရှိပြီး ၊ အညိုရောင်သန်းသောနှုတ်ခမ်းအစုံကိုတင်း၍စေ့ပိတ်ထားသော
ကြောင့် ထိုသူ၏အသွင်သဏ္ဍာန်မှာခက်ထန်ခြင်းများအတိုင်းသားပေါ်လွင်နေခဲ့သည်။

မြင့်မားသောအရပ် ၊ ကျစ်လစ်သောကိုယ်ဟန်အထား
ဖြင့် ခြေနှစ်ဖက်ကိုဘေးသို့ခွဲ၍လက်နှစ်ဖက်ကိုနောက်ပစ်ပြီးရပ်နေဟန်မှာ..သူ့‌ခြေဖဝါးနှင့်ထိတွေ့ထားသော ကျောက်သား၊ကျောက်စိုင်များနှင့်တသားထဲဖြစ်သကဲ့သို့ ခိုင်ကြည်တည်တံ့နေခဲ့သည်။

သို့သော်သူ၏စိတ်အာရုံများသည်တူဖြင့်အထုခံရသောဗြုန်းကျောက်များပမာ ခန္တာကိုယ်မှတစစီလွင့်စင်လျက်ရှိနေပြန်သည်။

>>>>
၁၉၉၃ခုနှစ်၊ သန်လျင်မြို့
အချိန်ကားညဆယ်နာရီဝန်းကျင်ခန့်ရှိပြီ။
ရပ်ကွက်ရဲ့အစွန်မှာထီးထီးကြီးတည်ရှိနေသော
ခြုံနွယ်တွေပိတ်ပေါင်းနေသောခြံကြီးအတွင်းမှတိုက်ဟောင်းကြီးဆီသို့ကောင်ငယ်လေးနှစ်ယောက်က အနုမြူမီးအလင်းရောင်ကိုသုံးပြီးစွန့်စွန့်စားစားဝင်ရောက်လာခဲ့သည်။
နေ့လည်ကဝင်ကြည့်ထားပြီးသားမို့ ခြံဝင်းအတွင်းပိုင်းကိုဖြတ်ကျော်ပြီးတိုက်ကြီးရှိရာသို့ သိပ်မခက်ခဲပါပဲ ရောက်ရှိလာခဲ့သည်။

လူကြမ်းဒိုင်ယာရီ(or) ကိုယ်ကလူကြမ်းချစ်သူကပန်းWhere stories live. Discover now