Realities ဆန်ပြီး romance လည်းမနည်းတဲ့ fiction လေးတစ်ပုဒ်ကိုဖတ်ချင်လား?
📌လူကြမ်းဒိုင်ယာရီ (Paid only fiction )
Cut✂️ဒီနေ့တော့ မိခါနဲ့သူကတိုင်းရင်းသားကျေးရွာမှာလာချိန်းတွေ့နေကြပါသည်။ရပ်ကွက်ထဲမှာဆိုအားတိုင်းမြင်တွေ့ရပေမယ့်လည်း အများအမြင်ကိုရှောင်ရသေးတော့.. သမီးရည်းစားသဘာဝ လွတ်လွတ်လပ်လပ်မတွေ့ရလို့ဖြစ်သည်။
ရေကန်အလယ်က နားနေဆောင်လေးကိုနှစ်ယောက်သားအပိုင်သိမ်းပြီး.. တန်းလျားလေးမှာအတူထိုင်၍
မိခါကသူ့ရင်ခွင်ထဲခေါင်းလေးမှီတင်ထားရင်း သူမလက်သွယ်သွယ်လေးတွေနဲ့သူ့လက်ဖဝါးကိုထပ်လျှက်ဆုပ်ကိုင်ထားပါသည်။ခုနကတော့အတွဲတစ်တွဲလာသေးတယ်၊ သူဘုရှိုးရှိူးလိုက်လို့လစ်သွားတာ။
ကြာကန်ထဲမှာတော့ဘဲငန်းတစ်အုပ်ကရေကူးပြီး
မြူးထူး နေကြသည်။ဘဲငန်းမကြီးကရှေ့ကသွားရင်
နောက်ကဘဲငန်းပေါက်လေးတွေကအတန်းလိုက်မို့.." အစ်ကို သူတို့ကချစ်စရာလေးနော်.. ကြည့်ရတာပျော်ဖို့ကောင်းလိုက်တာ.."
" အင်း.. ဘဲငန်းမနဲ့ခလေးတွေ ပျော်စရာကောင်းတဲ့မိသားစုပဲ..
" ဒါဆို သူ့ယောက်ျားကကော ဘယ်မှာလဲ.."
" စီးပွားသွားရှာနေတာနေမှာပေါ့.. ဟောဟိုမှာပြန်လာပြီ အဲ့တာဘဲထီးကြီးပဲ.."ကြည့်နေရင်းနဲ့တကယ်ပဲ ထိုဘဲထီးအကောင်ကြီးကြီး
က ဘဲမတို့မိသားစုဆီ ရေကူးပြီးသွားပေါင်းလိုက်သောအခါ.. မိခါကထအော်ပြီး..
" ဟုတ်သားပဲ ကြည့်စမ်း အစ်ကိုဘယ်လိုလုပ်သိတာလဲ.."
သိတာပေါ့ ကန်ထဲမှာဘဲထီးကဒီတစ်ကောင်ထဲလေ၊
ဟိုဘက်ကဘဲမလေးတွေကလည်းသူ့မယားတွေပဲ
ဒါပေမယ့် မိခါကိုပြောပြလို့မဖြစ်ဘူး။
YOU ARE READING
လူကြမ်းဒိုင်ယာရီ(or) ကိုယ်ကလူကြမ်းချစ်သူကပန်း
RomanceBurmese လူမိုက်လေးကွန်းခိုနဲ့ သူချစ်ရတဲ့ကရင်ကပြားမလေးအကြောင်း ကြိုးရဲ့ paid ficပါ။