"ဆိုဟီး ဟျောင်း ဘာလဲ ကျွန်တော့်ကို လာအားပေးတာလား"
သူ၀င်လာတာမြင်တာနဲ့ ချန်းယောင်းက ပြုံးစိစိနဲ့ လှမ်းအော်
ပြောသည် သူကလည်း ပြုံးစိစိနဲ့ အထဲကို ဆက်လျှောက်လာ
တော့ လူတိုင်းနီးပါးက လှမ်းကြည့်လာပြီး နှုတ်ဆက်တာနဲ့တင်
လိုရာအရပ်ဆီ ရောက်ဖို့ တခနမျှ ကြန့်ကြာသွားလိုက်သေးသည်"ဆိုဟီး ဘာလဲ ငါနဲ့မတွေ့တာကြာလို့ လာတာပေါ့လေ"
"ဘယ့်နှယ့် ကျွန်တော့်ကို လာ အားပေးတာပါဆို "
အကြောင်းသိသူ ဆောင်းချန်းဟျောင်းနဲ့ ချန်းယောင်းက
ပြုံးစိစိနဲ့ရပ်နေတဲ့သူ့ကို ဝိုင်းစနေကြပေမယ့် အိတ်ထဲ ဘာတွေ
ရှာနေလဲမသိတဲ့ တစ်စုံတစ်ယောက်ကတော့ သူ့ကိုခုထိ
မော့ကြည့်မလာပေ ကိစ္စမရှိပါဘူးလေ အီဆိုဟီးဆိုတဲ့သူက
ဒါမျိုးတွေကိုသာ ဂရုစိုက်နေရင် ခုချိန်မှာ အဲ့ဒီလူ့ရဲ့ အနားမှာ
ရှိနေရမှာ မဟုတ် သူဟာ ပြုံးပြုံးနဲ့ပဲ မော့ကြည့်မလာသူ
ဘေး ၀င်ထိုင်လိုက်သည် ထိုအခါမှ သူ့ဘက် အကြည့်တစ်ချက်
ပေးလာသည်"ဟျောင်း ကျွန်တော် အားပေးနေမယ်နော် ပြီးရင်
ခေါက်ဆွဲသွားစားကြမလား ""အတန်းရှိတယ်ဆို"
"ဟုတ်တော့ဟုတ်တယ်လေ ဒါပေမယ့် ဟျောင်း ကစားတာ
အားပေးချင်လို့ လာတာ "ထိုအခါမှ ဘေးကလူရဲ့ မျက်နှာထား တင်းတင်းဟာ
ပြေလျော့သွားပုံရသည်"အင်း ဒီမှာပဲထိုင်နေ "
အွန်းဆော့ဟျောင်းက သူ့အိတ်ထဲက ချိုချဉ်ထုတ်ပေးကာ
သူတို့အဖွဲ့တွေ စုနေတဲ့နားဆီ လျှောက်သွားတော့ သူ့မှာ
နောက်ကျောလေးကိုပါ မလွတ်အောင် ငေးကြည့်ရသည်သူကတော့ တကယ်ကို သွက်သွက်ခါအောင်ရူးနေပြီထင်ပါရဲ့
အွန်းဆော့ေဟျာင်းအပေါ် ထားတဲ့ သူ့ရဲ့အချစ်တွေက
အမှတ်တမဲ့ထုတ်ပေးခဲ့တဲ့ချိုချဉ်လေးတခုနဲ့တင်
နောက်ထပ်အဆပေါင်းများစွာ တိုးလာခဲ့သည်
ဒီလူ့ကို သူက ဘယ်လိုလုပ်များ မချစ်ပဲ နေနိုင်မှာပါလိမ့်
ဘယ်လိုပဲဖြစ်ဖြစ် ဒီဇာတ်လမ်းကို ဇွတ်တရွတ် စခဲ့သူဟာ
သူပဲလေ ဘယ်လိုအရာမျိုးဖြစ်ဖြစ် သူကတော့ နှစ်နှစ်ခြိုက်
ခြိုက် လက်ခံထားဖို့ပဲ ဆန္ဒရှိပါတယ်လေ ဒီလူ့ ဘေးမှာ
နေပြီး တရား၀င်ချစ်ပေးခွင့်ရတာနှင့်ပင် ပြန်တွေးလိုက်တိုင်း
မှာ ဆိုဟီးရဲ့ တစ်ဖက်သတ် စွန့်စားခဲ့မှုဟာ နောင်တရစရာမရှိခဲ့ပါ
YOU ARE READING
I'm (Already) Yours
FanfictionSohee : "hyung ကို ကျွန်တော် လွတ်လပ်ခွင့်ပေးလိုက်ပြီ !" A few minutes later Eunseok : 119 119 save my life save my life!