6

31 4 0
                                    

"အလကား တကယ် လူတွေက ကိုယ့်ကိစ္စမဟုတ်တာကို"

ဂရုချက်ထဲက ပုံတချို့နဲ့ ပြောထားကြတာတွေကို ကြည့်ပြီး
ဆွန်းဟန်က မျက်မှောင်ကြုတ်ကာ ပြောသည်

"အွန်းဆော့ဟျောင်း ဒီတိုင်းငြိမ်မနေသင့်တော့ဘူး"

ချန်းယောင်းက ပြောပြီးတော့ ဆိုဟီးသက်ပြင်းချရသည်
ကျောင်းဂရုချက်တခုမှာ အွန်းဆော့ဟျောင်းနဲ့ ဂျီဟိုဆိုတဲ့အမ
ရဲ့ စားသောက်ဆိုင်ထဲက ထွက်လာတဲ့ ပုံတချို့ကို အဝေး
ကရိုက်ထားပြီး တချို့သူတွေက သူတို့ကပြန်တွဲနေပြန်ပြီ
လား ဘာညာနှင့် ဆွေးနွေးနေကြတာဖြစ်သည်

"ဆိုဟီး အွန်းဆော့ဟျောင်းနဲ့ မင်းက ဒီထက်ပိုပွင့်လင်း‌သင့်ပြီ
မင်းတို့ တွဲနေကြပြီမလား silent တော့မလုပ်နဲ့နော်
ငါပြောတာကို မင်းစိတ်ဆိုးရင်တော့ ငါအားနာပါတယ်
ဒါပေမယ့် ငါက ပြောစရာရှိတာ ပြောပြတာ "

ဆွန်းဟန်ပြောတာကို သူကောင်းကောင်းကြီးနားလည်ပါသည်
လောလောဆယ်မှာ ဆိုဟီးက အွန်းဆော့ဟျောင်းရဲ့ သက်ဆိုင်
သူမဟုတ်ပါလား ကိုယ့်မျက်စိရှေ့မှာ ကိုယ့်သက်ဆိုင်သူနဲ့
တစ်ခြားတစ်ယောက်ရဲ့ အကြောင်းကို ဘုမသိဘမသိ
ပြောနေကြတာကို သူက ဘယ်လိုခံစားချက်နဲ့ ကြည့်နိုင်ရမှာလဲ
သူ ဘာမှကို ဂရုမစိုက်ပဲ တလောကလုံးက ထိုလူက သူနဲ့သာ
လျှင် သက်ဆိုင်ကြောင်း ကြေညာပစ်ချင်ပေမယ့်
အွန်းဆော့ဟျောင်းရဲ့ သဘောထားကို သူသေချာသိချင်ပါ
သေးသည် သူ အွန်းဆော့ဟျောင်းကိုယုံကြည်ပါသည်

"ငါနားလည်ပါတယ် "

"အဲ့ ဂရုချက်ကို လုံး၀၀င်မကြည့်နဲ့တော့ ကျွန်တော်လည်း
ဆောင်းချန်းဟျောင်းကို ပုံတွေအကြောင်း နည်းနည်းပါးပါး
ပြောပြပြီး အွန်းဆော့ဟျောင်းကို သတင်းပါးခိုင်းလိုက်မယ်"

"အေးပါ"

ဆိုဟီး မျက်နှာကတော့ ပြန်ကြည်မလာနိုင်သေးပါ
သူ အွန်းဆော့ဟျောင်းကို ယုံကြည်ပေမယ့် သ၀န်တိုခြင်း
ဆိုတဲ့ အကောင်ကိုတော့ မထိန်းချုပ်နိုင် ပါ
သူ သက်ပြင်းတို့ကိုသာ အကြိမ်ကြိမ်ချရသည်

I'm (Already) Yours Where stories live. Discover now