အသက်အကြောင်းက ပြောချင်သေးတာလား?

568 34 5
                                    

နောက်ဆုံးတော့ Pavel စိုးရိမ်နေတဲ့ ရက်က တစ်ခုသော ညနေခင်းမှာ ရောက်လာတယ်။

Pooh နဲ့ Pavelက စာကြည့်ခန်းထဲမှာ အရေးကြီးတဲ့ စာမေးပွဲတစ်ခုအတွက် ဦးတည်ရင်း အသည်းအသန် ကြိုးစားကာ စာပြန်နွေးနေကြတယ်။ သူတို့ coverလုပ်ရမယ့် အပိုင်းတွေက များပေမယ့် လူတော်လေး Poohက စိတ်ကျေနပ်ဖို့ ကောင်းအောင် စာတွေ အားလုံးကို မှတ်မိနေတာကို မြင်ရတာက Pavelကို စိတ်သက်သာသွားစေတယ်။

Poohရဲ့ GPA scoreက 3.3နဲ့ slayနေတယ်လို့ ပြောလို့ရပြီး ဒီကောင်လေးက စာတော်ပြီး ညဏ်ကောင်းတဲ့ ကျောင်းသားလေး ဖြစ်လေသည်။ တချို့နေရာမှာ မသိတာတွေ ရှိနိုင်ပေမယ့် သင်ယူချင်စိတ်အပြည့် ရှိတာကိုတော့ Pavel ကိုယ်တိုင်က ထောက်ခံချက်‌ ကောင်းကောင်း ပေးနိုင်လေသည်။

သူတို့ အတူ စာပြန်နွေးကြတုန်းမှာ Pavelက သူ သဘောကျတဲ့ အချက်တစ်ခုကို ချီးကျူးပြီး Poohကို စကားပြောနေတုန်းမှာ သူ့ကိုသာ စိုက်ကြည့်နေပြီး သဘောကျနေပုံ ရတဲ့ Poohက Pavel ပါးကို ထိကာ ရွှတ်ကနဲ အသံမြည်အောင် နမ်းလာလေသည်။ ဒါက Pavelကို အနည်းငယ်တော့ လန့်သွားစေပေမယ့် သူကိုယ်တိုင်ကလည်း နှစ်ခြိုက်စွာနဲ့ ပြုံးလိုက်မိလေသည်။

ဒါပေမယ့် ဒီကောင်လေးကတော့ ဒီမှာတင် ရပ်မသွားပဲ သူ့ပါးကို နှစ်ခေါက်လောက် ဆင့်ကာ ဖိကပ်လာပြီး နောက်ဆုံးအခေါက်အတွက် Pavelမေးစေ့ကို ထိန်းကိုင်ကာ နှုတ်ခမ်းထက် နမ်းရှိုက်လာလေသည်။ သူတို့ နှစ်ယောက်က ဒီချစ်ဖို့ကောင်းတဲ့ အနမ်းမှာ ပျော်ဝင်သွားမိလေသည်။

ခွမ်း!

အသံကြောင့် လန့်သွားရတဲ့ ကောင်လေး နှစ်ယောက်က အသံလာရာ တံခါးဘက်ကို လှည့်ကြည့်လိုက်ချိန်မှာတော့ မြင်လိုက်ရတဲ့ မြင်ကွင်းက Pavelကို ထိတ်လန့်သွားစေတယ်။

အအေးခွက်ကို ကြမ်းပြင်ထက် လွှတ်ချလိုက်မိတဲ့ Poohရဲ့ မေမေဟာ ကြောင်အ စွာနဲ့ မျက်လုံးပြူးပြီး သူတို့ နှစ်ယောက်လုံးကို ကြည့်နေတယ်။ သေစမ်း___ သူ တံခါးပိတ်ဖို့ မေ့ခဲ့တာလား?

ဒါက Pavelကိုလည်း တကယ်ပဲ ထိတ်လန့်သွားစေတာကြောင့် သူက သူ့ပါးစပ်လေး သူ လက်နဲ့ အုပ်ပြီး သူ့အရှေ့က Poohကိုကြည့်လိုက်မိတယ်။

Love Rush (PoohPavel mm ff🦋 )Where stories live. Discover now