Chapter 5
June 16, 2024
👾Chapter - 5[အနံ့ကမွှေးကြိုင်ရုံတင်မကဘူး၊ ချိုလဲချိုတယ်]
လုအန်းဟယ်သည် လင်းဟန်က ထိုမျှ အသေးစိတ်ကျကျ သိရှိနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထို့အပြင် သူက လင်းဟန်သည် အသံသွင်းဖိုင်ကို ကြားခဲ့ပြီးမှန်းသိသည့်အတွက် ဖုံးကွယ်လိုစိတ်မရှိနေတော့ပေ။
" ဟုတ်တယ်...အဲ့အချိန်တုန်းက တခြားအဖွဲ့နောက်ကိုလိုက်သွားမိတဲ့ ကျွန်တော့်အပြစ်ပါ ။ ကျွန်တော်တို့အပေါ်ကို အမြတ်ယူလို့ရအောင် အဲ့ဒီဓားပြကောင်တွေကို အခွင့်အရေးပေးသလိုဖြစ်သွားခဲ့တယ်။ ကံကောင်းလို့ ဗိုလ်ချုပ်ရဲ့အလင်းတန်းဓားသွားက မြန်မြန်ဖြတ်ပစ်လိုက်နိုင်လို့၊ မဟုတ်ရင် တကယ်..."
" ထိခိုက်မှုအသေးစားလေးပါ " ဟယ့်ယွင်ထင်က စကားဖြတ်ပြောလိုက်သည်။
လုအန်းဟယ်မှာ ဆက်လက်ပြောဆိုလိုနေပြီး " ဗိုလ်ချုပ်က သိသိသာ..."
" ငါကပဲ မင်းကို အဖွဲ့ D ကို သွားဖို့အမိန့်ပေးခဲ့တာ၊ အဲ့ကိစ္စ မင်းနဲ့မဆိုင်ဘူး "
လင်းဟန်သည် ဟယ့်ယွင်ထင်ကစကားပြောနေရင်း တစ်ခုခုကိုရှာနေဟန်ဖြင့် ဘေးနားသို့ လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။
"ကောင်းပါပြီ၊ကောင်းပါပြီ၊ကောင်းပါပြီ၊ ကောင်းပါပြီ " လုအန်းဟယ်က ပြီးစလွယ် သဘောတူလိုက်ရင်း လင်းဟန်ဘက်သို့ ခေါင်းပြန်လှည့်ကြည့်ကာ ပြောလိုက်သည်။ " ဒါဆိုသွားကြရအောင် "
" ခဏ "
လုအန်းဟယ်သည် သူက တခြား မည်သည့်အမိန့်ရရှိထားသည်ကို မသိပေ။
" ဘာဖြစ်လို့လဲ "
ဟယ့်ယွင်ထင်က ပြန်မဖြေ။ သူက ထိုနှစ်ယောက်နားသို့သာ လမ်းလျှောက်လာလေသည်။
လင်းဟန်သည် ထိုသူက လုအန်းဟယ်အား တစ်ခုခုအမိန့်ပေးမည်ဟု တွေးလိုက်မိသဖြင့် အရပ်ရှည်ရှည်ပုံသဏ္ဍာန်တစ်ခုက သူ့အရှေ့တွင် လာရပ်ချိန်တွင် သံသယဖြစ်ပွားမှုကို ရှောင်ကျဉ်ရန် နောက်သို့ ခြေတစ်လှမ်းဆုတ်ရန် ပြင်လိုက်သည်။ သို့သော် သူ ဘာမှမပြောနိုင်ခင်တွင် သူ့လက်ထဲသို့ တစ်စုံတစ်ခုရောက်ရှိလာသည်ကို ခံစားလိုက်ရသည်။
YOU ARE READING
ကျွန်တော်ကစိတ်ဖတ်နိုင်တယ်
قصص عامةDescription 👾 June 11, 2024 TITLE - I Can Read Mind But will not be Marked Description 👾 အင်ပါယာ၏အတော်ဆုံးအိုမီဂါဖြစ်သူ လင်းဟန်သည် အမျိုးသားစစ်တက္ကသိုလ်၏ အဓိကမက်ခါဒီဇိုင်းပညာရှင်တစ်ယောက် ဖြစ်သည်။ သူသည် အံ့ဩဖွယ်ကောင်းသည်အထိမြင့်မားသည့် ဖယ်ရိုမုန...