ငြိုးမာန်ဖွဲ့သီတဲ့ချစ်ချင်း (အပိုင်း-၂)

105 3 1
                                    

ဟို..........ကလေးမ..........ကားကိုမှီနေတာဖယ်ပေးနိုင်မလား.......အိုး!!!!!!ပြောစကားလေးက
သံစဉ်တေးသွားလေးတခုလို.......ချိုမြိန်နေတာပဲ ဖယ်ပေးလို့ရနိုင်တယ်မလား..........အဲဆိုတခုပြောပေးပါဗျာ......ဒီမှာသူငယ်ချင်းတွေကရောင်ကိုအရက်သောက်ဖို့ခေါ်နေကြတာ....
ရောင်ငြင်းတာမရလို့......အန်တီခွင့်မပြုကြောင်းလေးပြောပေးပါလား......အဲဆိုရောင်ဖယ်ပေးပါမယ်......ရောင်ကိုကူညီတဲ့သဘောပေါ့.....
မြတ်ဝတီမျက်နှာလေးကြုံသွားပီး.......တို့နဲ့ဘာဆိုင်လို့လည်း....ရောင်ကိုကူညီပါနော်အန်တီ.....
မြတ်ဝတီလည်း........အလုပ်ကိစ္စတခု...ချိန်းထားတာနောက်ကျတော့မှာမို့......အင်းပေးပေးတို့ပြောပေးမယ်ဘယ်လိုပြောရမှာလည်း "တို့ကလေးကိုသွားဖို့ခွင့်မပြုဘူးနော်" မြတ်ဝတီကဟင်...........ဆိုပီးဘာလည်းစကားလေးပြောပေးရမှာကို........မကူညီချင်ဘူးလား......မြတ်ဝတီလည်းစိတ်ရှုပ်လာတာကြောင့်.......ရောင်ဘေးကနေ "တို့ကလေးကိုသွားဖို့ခွင့်မပြုနိုင်ဘူးနော် "ကဲရပီမဟုတ်လားဖယ်...........ဟိတ်ကောင်တွေကြားတယ်နော်.......... ငါအန်တီကသွားခွင့်မပြုရင်ငါမလာတော့ဘူး........ဒါပဲလို့ပြောပီးကားထဲဝင်ထိုင်လိုက်တော့တယ်.......မြတ်ဝတီလည်းဘာလိုကားထဲဝင်လာတာလည်း............ကူညီလက်စနဲ့ကူညီပါနော်.......ယောမင်းကြီးလမ်းကလေ Park Royal ထိပဲလိုက်မှာပါ.....လမ်းကြုံနေတာပဲကို......ကူညီပါနော်.......မြတ်ဝတီလည်း Park Royal ကိုပဲသွားရမှာမို့ ......ဘာမှသိတဲ့လူတစ်ယောက်ကို......ကားပေါ်တင်ခေါ်လာခဲ့တယ် မြတ်ဝတီလန့်တော့လန့်တာပေါ့.....ဒါပေသည့်သူက................ကိုယ်ကားပေါ်ရောက်ကတည်းက နားကြပ်တပ်ပီးအိပ်လာတာ........ဘယ်နှစ်ရက်လောက်.........အိပ်ရေးပျက်လာတာလည်းမသိဟောက်သံတောင်ထွက်တယ်....မြတ်ဝတီလည်း ဘာမှမသိတဲ့သူလေးကို.......ကြည့်ပီး ကြည်နူးသလို.......အပြုံးလေးနဲ့ကားမောင်းလာတာ Park Royal နားအရောက်... ဒီမှာဒီမှာရောက်တော့မယ်ထတော့..........ဟော်ကားကိုဘယ်လိုမောင်းတာလည်းမြန်တာကွာ.....ဆင်းရတော့မယ်ဆိုတော့.......လွမ်းတောင်လွမ်းသွားတယ် ကဲကဲဆင်းပါမယ်ဗျာ...ကူညီပေးလို့ကျေးဇူးပါ မြတ်ဝတီလည်း....သူပြောတာခေါင်းလေးညိတ်ပီးအသိအမှတ်ပြုပီး.......Park Royal ထဲဝင်လာလိုက်တယ်....တွေ့ရမည့်ဧည်သည်နဲ့တွေ့ပီး အပြန်မှာ......ကားပေါ်မှာဖုန်းတလုံးထမြည်လာတယ်......ဖုန်းရဲ့ Ringtone က...မြတ်ဝတီရဲ့ဖုန်းမဟုတ်တာသေချာတော့............လိုက်ရှာကြည့်တာ........ကားရဲ့တံခါးမှာသွား‌တွေ့တယ်....ဖုန်းကိုကိုင်မို့ကြည့်လိုက်တော့..................ဖုန်းရဲ့ Wallpaper မှာ..........သူမရဲ့ပုံ ဗု‌‌ေဒ္ဓါ ငါပုံကြီးပါလား ....ဖုန်းကိုကိုင်လိုက်တော့.....Hello တော်သေးတယ်......ဖုန်းကကားပေါ်မှာကျန်ခဲ့တာကိုး အင်းဟုတ်တယ်..အဲဆိုလည်းဖုန်းကိုသိမ်းထားပေးပါ..............ဒီနေ့တော့တွေ့ရတာဝသွားလို့ မနက်ဖြန်မှတွေ့တော့မယ်..........တို့မအားဘူးခုဘယ်မှာလည်း.......သွားရင်းနဲ့လာပေးမယ်......
ဟစိတ်ကြီးပဲ.....ခုအန်တီလာလို့မရတဲ့နေရာမို့ပေါ့.........မနက်ဖြန်မှတွေ့မယ်.....ဖုန်းကိုအားလေးတော့သွင်းပေးထားနော်.......မနက်ဖြန်အဲဖုန်းဆက်မရရင်...........အန်တီဖုန်းကိုဆက်မှာ
မြတ်ဝတီဘက်က........မင်း!!!!!လို့ပဲပြောရသေးတယ်......ဖုန်းချသွားတယ်.........မြတ်ဝတီလည်း စိတ်ထဲဘဝင်တော့မကျဘူး......ဒါပေသည့်ဘာမှမတက်နိုင်ဘူးလေ......သူဖုန်းကိုယူလာခဲ့ရတော့တာပေါ့........... မြတ်ဝတီအိမ်ရောက်တော့.....
အိမ်ဖန်‌စောင့်ဦးမြကြီးက............အရှင်မ ရွှေစိတ်တော်ညှိုးလာပါလား.......ဟုတ်တယ် အပြင်က........ရာသီဥတုပူတာကတကြောင်းမို့......အပုလေးရော......ခုချက်ချင်းလာပါလို့ပြောလိုက် တင်ပ....... ကျွန်တော်မျိုးပြောပီးလွှတ်လိုက်ပါမယ်အရှင်မ.........ကောင်းပီ မြတ်ဝတီလည်း အပေါ်ထပ်ကိုတပ်လာပီး........အခန်းထဲအရောက်......လက်ထဲမှာပါလာသမျှကို......ခုံပေါ်သို့တင်လိုက်ချိန်.....ဖုန်းလေးကိုမြင်ပီး ဖွင့်လိုက်တော့........အားကုန်တော့မည့်ဖုန်းလေး......မိမိပုံတော်ကို.......တခြားလူးတစ်ယောက်စီမှာ...... ရှိနေတဲ့အတွက်.......လွန်စွာသိချင်နေတယ်.....ဘာကြောင့်မိမိရဲ့ပုံကို.........ဖုန်းမှာတင်ထားလည်းဆိုတာ.......အင်းအဲဒါကြောင့်...... မနက်ဖြန်သူနဲ့တွေ့ရဦးမှာပလားလို့...........တွေးရင်းရေချိုးပီးထမင်းစားသောက်ပီး.........အပေါ်ထပ်ပြန်တက်လာခဲ့တော့တယ်......... မနက်ဖြန်အတွက် လုပ်ရမည့်ကိစ္စတွေကို........အတွင်းရေးမူးဖြစ်............
နှင်းမှုံ ပို့ထားဝာလေးတွေ...............ဖွင့်ကြည့်ဖို့ laptop ဖွင့်ချိန်....... ဖုန်းဝင်လာတယ်......
မနက်ဖြန်.........မနက် 9နာရီလောက်တွေ့ကြမယ်လေ........ မနေ့ကချပေးခဲ့တဲ့ Park Royal မှာပဲ......တွေ့ကြမယ်လေ..........ဘာလိုမနက်အစောကြီးတွေ့ရမှာလည်း........တို့မအားဘူး....
အဲအချိန်မယ်ဘုရားနဲ့တူတူဝတ်ပြုရမှာ........ဟ ဘယ်နှစ်ခုနှစ်မှာနေနေတာလည်း.........ခု၂၁ရာစုတောင်ကျော်နေပီ...........ပဝနတီကဟာတွေနဲ့စကားတွေ.......... ကြားရတာအဆင်ပြေမနေဘူး ဘာစကားပြောတာလည်း........... ဒါတို့အိမ်ရဲ့စည်းကမ်းထုံးတန်းစဉ်လာပဲ.........မတွေ့နိုင်ဘူး
ရတယ်လေ........မတွေ့နိုင်ရင် အဲအချိန်အန်တီအိမ်ရှေ့ရောက်နေရပီပေါ့........... ဘာဘာလုပ်မို့လည်း...........တို့အိမ်ရှေ့လာစရာမလိုဘူး..... အဲလိုလိမ္မာမှပေါ့ ............ဒါပဲနော်မနက်မှတွေ့မယ် အိမ်မက်လှလှမက်ပါစေ..........မြတ်ဝတီ အဲမှာအခက်တွေ့ရပါပီ........... မယ်ဘုရားကို.......
ဘယ်လိုလျှောက်တင်ရပါမလည်း.......သွားမတွေ့ရင် ...........သူကအိမ်ရှေ့လာမှာတကယ်လုပ်မည့်ဟာလေး....... ဖုန်းကသူပစ္စည်းဆိုပေမည့်........ကိုယ်ရဲ့ပုံကိုတင်ထားတာကြောင့်......
သိချင်တာရော........ပုံမတင်ဖို့ပြောချင်တာရောဆိုတော့........သူပြောတဲ့အချိန်သွားကိုတွေ့ရတော့မယ်.....မြတ်ဝတီလည်း ..သက်ပျင်းလေးချပီး......မယ်ဘုရား ခန်း‌ေဆာင်ကိုဝင်ရင်း...... မယ်ဘုရား စက်တော်ခေါ်နေပီးလားရှင့်..........
ဟဲ့!!!!!သမီးတော်......ဘယ်လိုအရေးအကြောင်းမို့ အချိန်လင့်ကာမှာ......အဆောင်ကူးခဲ့ရသလဲ မယ်တော်ဘုရားကို..........မြန်မြန်လျှောက်စမ်း ကောင်းလှပါပီမယ်ဘုရား.............သမီးတော် မနက်ဖြန်ခါ .....အရေးကြီးသည့်ကိစ္စတခုရှိတာကြောင့်................အာရုံလင်းချိန်မယ်ဘုရားစီ အခစားမဝင်နိုင်ကြောင်းကို........သံတော်ဦးတင်လျှောက်တာပါဘုရား.......မယ်ဘုရားလည်း ခေါင်းတော်ကိုညိတ်ပီး..............အေးလေ အချင်းအရာရှိတော့လည်း............လွှတ်စေ
တင်ပ........ သမီးတော်စက်တော်ခေါ်ဖို့ပြန်ကြွပါဦးမယိဘုရား.......ကောင်းလေစွ ကောင်းလေစွ လာအပုလေးပြန်ကြွကြမယ်........မြတ်ဝတီလည်း .........ကိုယ်အခန်းရောက်တော့......... လုပ်လက်စတွေ......သိမ်းဆည်းပီး အိပ်လိုက်တော့တယ် ..............သူမအတွမနက်ဖြန်မြန်မြန်ရောက်ချင်နေမိတာပဲသိတယ်............သူအဲကိစ္စကိုမြန်မြန်ပီးချင်နေလို့လေ ......................သူမ မနက်၆နာရီထပီး......... ဘုရားဝတ်ပြုပီးရေမိုးချိုးကာ.......... ၈နာရီမှာအိမ်ကထွက်လာပါတော့တယ် ..........ပဲခူးကလပ်အနားသို့အရောက် ဖုန်းဝင်လာတယ် ...........Morning ပါအန်တီ...........ရောင် ချိန်းထားတဲ့‌ေနရာကိုရောက်တော့မယ်နော်တဲ့ ...........အင်းတို့လည်းလာနေပီ........ဘယ်ဆိုးလို့လည်း....... အချိန်တော့တိကျသားပဲလို့..........မြတ်ဝတီပြုံးလိုက်မိတယ်.............အင်းမြတ်ဝတီလည်း....... ကားကိုသိပ်မမောင်းလိုက်ကဘူး .........မနက်စောစောပိုင်းဆိုတေ့ာ........ကားလမ်းကြောတွေနဲနဲရှင်းလို့ ၈နာရီ ၄၅‌ကျော်မှာရောက်တယ်....... တွေ့ပါပီ shirt အဖြူရောင်......အောက်က sky blue ရောင်ဂျင်းဒူးအတိနဲ့.......ဆံပင်ဂုတ်အကျော်ကို......
တဝက်တင်တဝက်စီးထားတယ်......................
မြတ်ဝတီရဲ့စိတ်ထဲ...........တမျိုးလေးပေါ့ မြတ်ဝတီရဲ့ကားလေး........ Park Royal ဝင်းထဲရောက် .........ကားပေါ်ကဆင်းချိန်ဘေးနားကိုရောက်လာပီး ........မောနင်းနော် အရမ်းလှတာပဲ အန်တီဝတ်ထားတဲ့.........ကော်ဖီရောင်နဲ့အညိုရင့်ရောင်က.........အန်တီအလှကိုပိုပီးပေါ်လွင်စေတယ်....... လှလိုက်တာအန်တီရယ်တဲ့လေ ...
သူအဲလိုပြောလိုက်ချိန်...........မြတ်ဝတီရင်ထဲ လိပ်ပြာလေးပျံဝဲ.......လှုပ်ခက်သွားသလိုဖြစ်သွားရတယ်.......လာအန်တီတူတူဓာတ်လှေကားစီးကြမယ်ဆိုပီး.........မြတ်ဝတီရဲ့လက်လေးကိုဆွဲယူပီး......ဓာတ်လှေးကားရှိတဲ့ဘက်ကို........သူကဦးဆောင်ခေါ်သွားပါတော့တယ်........💞

🌈Vote  and follow လေးတွေပြုလုပ်ပေးချင်းဖြင့်အသစ်အသစ်တွေပြန်လည်နိုးထနိုင်ဖို့ခွန်အားပါ🌈

ငြိုးမာန်ဖွဲ့သီတဲ့ချစ်ချင်းWhere stories live. Discover now