စတင်တွေ့ဆုံခြင်း . . .
နိုဝင်ဘာရဲ့ ဆောင်းတစ်မနက်မှာ
မထင်မှတ်ပဲ ဆုံတွေ့ခဲ့ရတဲ့မင်းကို
တစ်သက်စာ လွမ်းနေရမယ်လို့
ဘယ်ထင်ခဲ့ပါ့မလဲနော်. . .နောက်ထပ် ထင်မှတ်မထားတဲ့
အရာတစ်ခုက မျက်နှာကြော တင်းတင်း တည်တည်တန့်တန့်နဲ့ လူကြီးသိပ်ဆန်တဲ့ ကောင်လေးက ကိုယ့်ထက် 3 နှစ်လောက် ငယ်ပြီး 18 နှစ်ပြည့်တာ 5 ရက်လောက်သာ
ရှိသေးတာတဲ့လေ. . .ပိုပြီး မျှော်လင့်မထားမိတာကတော့
အဲ့ဒီကောင်လေးကလည်း ကိုယ့်ကို စတွေ့ပြီးတစ်ပတ်လောက်မှာတည်းက စိတ်ဝင်စားနေမိတာပါတဲ့ . . .ဪ အတိတ်တွေက သိပ်လှခဲ့လို့ထင်ပါရဲ့
လက်ရှိပစ္စုပ္ပန်က အမှန်တရားကိုတော့လက်ခံနိုင်ဖို့ ခက်တယ် ရှင်ရယ် . . .ဘာက အနာကျင်ရဆုံးလဲဆိုရင်
ကိုယ်သိပ်ချစ်ရသူ ကိုယ့်ကိုသိပ်ချစ်ပါတယ်ဆိုတဲ့သူက အခုတော့ ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်နဲ့ အတူရှိနေပြီတဲ့
အသိက အနာကျင်ရဆုံးပဲ . . .28 June 24
🍁
