တွေ့ဆုံမှုတွေဟာ စောလွန်းခဲ့တယ် . . .

10 2 0
                                    

တစ်ယောက်သောသူရေ ထွက်သွားတဲ့ အချိန်တည်းကပြန်လာမှာ မဟုတ်တော့ဘူး ဆိုတာကို သိနေခဲ့ပါတယ် တကယ်တော့ ကိုယ်က ကိုယ့်ကိုယ်ကိုယ် ညာနေခဲ့မိတာပါ အကယ်၍များ "ကိုယ်တို့သာ မဝေးခဲ့ကြရင်ကိုယ်တို့အချင်းချင်းသာ ပိုပြီး ပွင့်လင်းနိုင်ခဲ့ကြရင်ဆိုပြီး ကိုယ်ရှိတဲ့အရပ်ကို မင်းမလာနိုင်ပေမဲ့မင်းရှိတဲ့အရပ်ကို ကိုယ်လိုက်လာခဲ့မယ်ပေါ့မင်းဘက်ကလည်း မလွှဲသာ‌မရှောင်သာတဲ့အခြေနေမို့သာ ကိုယ့်ကို ချန်ထားခဲ့ရပေမဲ့ တစ်နေ့ မင်းရဲ့ရည်မှန်းချက်တွေပြည့်လို့မင်းခြေထောက်ပေါ်မင်း ရပ်တည်နိုင်တဲ့အချိန်ရောက်ရင် ကိုယ့်ဆီပြန်လာမယ်လို့ " အမြဲထင်ခဲ့ဖူးတယ် ဒါပေမဲ့ ဘဝဆိုတာ ဝတ္ထုမဟုတ်ဘူးဆိုတာကို ကိုယ်မေ့‌နေခဲ့မိတယ်

တစ်နေ့မှာတော့ ကိုယ့်ဘဝရဲ့ တစ်ယောက်သောသူက သူ့ဘဝအတွက်သူကြိုးစားရင်း သူနေချင်တဲ့အရပ်ဒေသမှာ သူလုပ်ချင်တဲ့အလုပ်တွေကိုလုပ်နေရင်း သူနဲ့သင့်တော်လိုက်ဖက်တဲ့ တစ်ယောက်ယောက်ကို ရှာတွေ့သွားခဲပြီဆိုတာကို သိလိုက်ရမှ ဒါဟာ ဝတ္ထုမဟုတ်တဲ့ လက်တွေ့ ဘဝပါလားဆိုတာကို
သတိရခဲ့မိတယ်
တကယ်တော့‌လေ ကိုယ်တို့နှစ်ယောက် အတွက် တွေ့ဆုံမှုတွေဟာ စောလွန်းခဲ့တယ်လို့ပဲ ပြောရမလား ကိုယ်က မရင့်ကျက်သေးတဲ့အချိန် မင်းကလည်း မင်းစိတ်ကိုမင်း ပိုင်ပိုင်နိုင်နိုင် သေချာမဆုံးဖြတ်နိုင်သေးတဲ့ အချိန်မှာတွေ့ခဲ့ကြတော့
မချစ်ဘူးမဟုတ်ဘူး ချစ်ခဲ့ကြပါတယ်
အမှတ်တရတွေ့လည်း အများကြီးဖန်တီးခဲ့ကြသလို မင်းနဲ့မှပထမဆုံး ဆိုတဲ့အရာတွေ ကိုယ့်မှာ ရှိခဲ့သလို မင်းမှာလည်း အများကြီးရှိခဲ့လိမ့်မယ်ဆိုတာ ကိုယ်ယုံပါတယ်

တစ်ယောက်သူရေ မင်းနေချင်တဲ့ အရပ်‌‌မှာ မင်းချစ်ရတဲ့သူနဲ့ အမြဲပျော်ရွှင်နိုင်ပါစေ

11 Sep 24
🍁
#Specialistquiet

You've reached the end of published parts.

⏰ Last updated: Feb 04 ⏰

Add this story to your Library to get notified about new parts!

အတိတ်သို့ . . .တမ်းချင်း Where stories live. Discover now