∘BRAINWASHING
∘POSSESSIVE BEHAVIOR
∘MENTIONED CROSS-DRESSING
THERE ARE SEXUAL THEMES AND CONCEPTS INCLUDED
Please beware if you struggle with any of these topics!
🩰𓈒⋆⑅˚₊୨୧
"မင်းကခြောက်နေတာမဟုတ်လား"
သူရှေ့ကဝတုတ်ကောင်က ဟောင်ဖွာဟောင်ဖွာဖြင့် ဆောင်းဟွန်းကိုလက်ညှိုးငေါက်ငေါက်ထိုးပြီးပြောလိုက်သည့်စကားကြောင့် ဆောင်းဟွန်းစိတ်တိုသွားပြီးမျက်နှာတစ်ပြင်လုံးနီရဲသွားရသည်။
"မင်း ဘာစကားပြောတာလဲ"
ဆောင်းဟွန်းဆက်ခနဲထလိုက်ပြီး ထိုဝတုတ်ကောင်၏ကျောင်းယူနီဖောင်းကော်လံစဆောင့်ဆွဲလိုက်သည်။
ခန္ဓာကိုယ်အရွယ်အစားအားဖြင့်ခပ်ပါးပါးလပ်လပ်ရှိနေသည့် ဆောင်းဟွန်းသည် အရပ်အားဖြင့်တော့သူ့ထက်ပိုရှည်သူမို့ ဝတုတ်ကောင်၏မျက်လုံးထဲတွင်ထိတ်လန့်သည့် အရိပ်အယောင်များပေါ်လာရသည်။
"လွှတ်...လွှတ်စမ်း..ဟေ့ရောင်ငါ့ကိုလွှတ်"
သူ့လက်ကိုသွေးရူးသွေးတမ်းဖြင့် ဆွဲထားပြီးပြောနေသူကြောင့် ဘေးပတ်ဝန်းကျင်ကဝိုင်းကြည့်နေကြသည့်သူတချို့က နောက်သို့ဆုတ်သွားသည်။
"မင်းအရင် မဟုတ်တာတွေလာပြောတာလေ"
ဆောင်းဟွန်းဆွဲဆုပ်ထားသည့်ကော်လံစကို အားပြင်းပြင်းနဲ့ဆောင့်တွန်းလိုက်ပေမယ့် တစ်ဖက်လူရဲ့အလေးချိန်ကသာမန်ထက်လေးတာမို့ တစ်ချက်ယိုင်ခနဲသာဖြစ်သွားသည်။
"မင်း..မင်းကမဟုတ်လို့လား အဲ့ဒါဆိုမင်းဘာလို့အရုပ်မတွေနဲ့ဆော့နေတာလဲ အဲ့ဒါမိန်းကလေးတွေပဲဆော့တာ"
ထိုဝတုတ်ကောင်က ဆောင်းဟွန်းကိုဂနာမငြိမ်တဲ့မျက်လုံးတွေနဲ့ကြည့်ကာ နောက်ဘက်သို့တဖြေးဖြေးဆုတ်သွားသည်။
"မဟုတ်ဘူး...ငါ.."
ဆောင်းဟွန်းထပ်မံငြင်းလိုက်ရန်စကားစလိုက်သော်လည်း ဘေးပတ်ဝန်းကျင်ကလူများဆီက အကြည့်များကိုသတိထားမိလျှင် ဆောင်းဟွန်းရင်ထဲထိတ်ခနဲဖြစ်သွားပြီး မည်သည့်စကားလုံးများမှထွက်မလာတော့။
![](https://img.wattpad.com/cover/372016458-288-k71495.jpg)
YOU ARE READING
Wrap Me In Plastic/SUNSUN/
FanfictionPark Sunghoon × Kim Sunoo A Sunsun commission fic Written in Burmese By Chocomilkshake