🩰𓈒⋆⑅˚₊୨୧
∘VIOLENT
🩰
Readers who may be sensitive to these element, please take note and read with your own risk.
🩰𓈒⋆⑅˚₊୨୧
ဆောင်းဟွန်း အလုပ်လုပ်ပြီးသော အချိန်တွင် အပေါ်ထပ်ကအခန်းဆီသို့သွားလိုက်တော့ အိပ်ရာပေါ်မှာပုံ့ပုံ့လေးအိပ်နေရှာတဲ့ဆောလ်နူး။
"အရုပ်လေး...ကိုကို့အရုပ်လေး...ထပါဦးကွာ"
ဆောင်းဟွန်း ခပ်ဆက်ဆက်လှုပ်၍နှိုးသော်လည်း ဆောလ်နူးကမနိုး။အလုပ်လုပ်ရင်းညဉ့်နက်သွားခဲ့တာမို့ အလုပ်ပြီးသောအချိန်တွင် ဆောလ်နူးကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပြီဖြစ်သည်။
"ဆောလ်နူး...ကိုကိုပြောနေတယ်လေ...ထပါဦးဆို...ကိုကိုအရုပ်ကလေးနဲ့ကစားချင်နေပြီလို့"
ဆောင်းဟွန်းခပ်ပြုံးပြုံးမျက်နှာနှင့်ပင် အိပ်ပျော်နေသည့်သူကိုဆွဲထူပြီးနိုးစေလိုက်တော့ မျက်တောင်ရှည်ကြီးများကလှုပ်လှုပ်ရှားရှားဖြစ်လာကာ မျက်လုံးတဝက်ဖွင့်ဟလာသည်။
"ဟင်..ကိုကို.."
ဆောလ်နူးက အခုထိသေချာမနိုးသေဟန်ဖြင့် မျက်လုံးများကိုလက်ဖြင့်ပွတ်သပ်ရင်းဆိုသည်။
"ပြန်မအိပ်နဲ့လေ ဆောလ်နူး...ကစားကြပါမယ်ဆို"
မျက်လုံးလေးတွေပြန်မှိတ်သွားရန်အိပ်ရန်ပြင်နေသည့် ဆောလ်နူး၏ခန္ဓာကိုယ်လေးကို ဆောင်းဟွန်းပြန်ဆွဲထားရင်းပြောလိုက်သည်။
အလွန်ပင်အိပ်ချင်နေပြီဖြစ်သော်လည်း သူ့ကြောင့်မျက်လုံးနင်းကန်ဖွင့်ထားရသူက မျက်မှောင်လေးများကြုံ့လို့ဆူပုတ်ပုတ်ဖြစ်နေသည်။
"ကိုကိုကလည်း ဆောလ်နူးအိပ်ပျော်နေပြီကို...မနက်ကျမှကစားရအောင်လေ"
ထိုင်နေသော်လည်း မျက်လုံးများမှေးစင်းနေသောသူက ဆောင်းဟွန်းကိုခပ်တိုးတိုးပြောသည်။ဆောင်းဟွန်းနည်းနည်းတော့သနားသွားသော်လည်းမတတ်နိုင်။ဒီနေ့တစ်နေကုန်အလုပ်တွေရှုပ်နေတာကြောင့် အရုပ်လေးကိုထိခွင့် ကိုင်ခွင့်တောင်မရသေးဘူးမဟုတ်လား။မနက်ထိစောင့်ရန်လည်း ဆောင်းဟွန်းကအဲ့လောက်ထိ သမာဓိအားကောင်းမနေ။
YOU ARE READING
Wrap Me In Plastic/SUNSUN/
FanfictionPark Sunghoon × Kim Sunoo A Sunsun commission fic Written in Burmese By Chocomilkshake