🩰𓈒⋆⑅˚₊୨୧/₀³/

1.3K 152 30
                                    

🩰𓈒⋆⑅˚₊୨୧

ကိုကိုလက်ထဲမှ ဆိုဖီယာသည်ရုန်းကန်နေရာမှငြိမ်ကျသွားသည်။နဂိုဝိုင်း၍အလွန်လှသောမျက်လုံးများမှာလဲ နှစ်ဆနီးပါးခန့်ပြူးကျယ်နေရာ အပြာရောင်မျက်ဆံတို့ကကြက်သီးထဖွယ်။

လွတ်မြောက်ခွင့်ရသွားသောလည်ပင်းနှင့်အတူ ကြမ်းပြင်ပေါ်သို့ပုံခနဲကျသွားသောသူသည် အသက်ဝိဉာဉ်ကင်းမဲ့နေဟန်။

ဖြူကျော့ကျော့လည်ပင်းတွင်လည်း လက်ရာနီရဲရဲကထင်းနေသည်။

သေ...သေသွားတာလား...

ဆောလ်နူးအထိန့်တလန့်တွေးလိုက်မိပြီး ကိုကိုတော့လှမ်းကြည့်လိုက်တော့ ပြုံးနေသည်။

သေချာပေါက်ကြည့်ကောင်းနေပေမယ့်လည်း ကြောက်စရာကောင်းနေတာကိုတော့ငြင်းလို့မရ။

"ဟင့်အင်း...မလာနဲ့"

ကိုကို၏ခြေလှမ်းတွေက ဆောလ်နူးရှိရာသို့တဖြည်းဖြည်းချင်းလျှောက်လာနေသောအခါ ဆောလ်နူး နံရံထဲသို့ဝင်သွားတော့မယောင် တိုးကပ်ပစ်လိုက်သည်။

အလေးချိန်တစ်ခုကြောင့်အိကျသွားသောမွေ့ယာကိုမျက်လုံးတွေမှိတ်ထားသည့်ကြားကဆောလ်နူးခံစားလိုက်မိသည်။

ဆောလ်နူးမျက်လုံးတွေဖွင့်ကြည့်လိုက်တော့ အလွန်နီးကပ်နေသည့်ကိုကိုမျက်နှာကိုမြင်လိုက်ရသည်။ရုန်းကန်ထွက်ပြေးရန်ကြိုးစားသော်လည်း စိတ်အလိုရှိသည်အတိုင်းရွေ့လျားလို့မရတော့တဲ့ ခန္ဓာကိုယ်ကသူဘယ်လောက်ပဲကြိုးစားကြိုးစားနည်းနည်းမှလှုပ်ရှားမလာ။

ကိုကိုကသူ့...သူကိုစွန့်ပစ်တော့မလို့လား...ဟင့်အင်းမမဆိုဖီယာလိုလုပ်သလိုမျိုးလုပ်လိုက်ရင်ရော...ဒါ..ဒါမှမဟုတ်..မအောင်မြင်ခဲ့တဲ့နမူနာအရုပ်တွေလို ခြေလက်တွေမစုံတော့ပဲ အမှိုက်ပုံးထဲအပစ်ခံလိုက်ရရင်ရော...

"ဟင့်အင်း...မလုပ်...မလုပ်ပါနဲ့"

"ဆောလ်နူးက ကိုကို့အရုပ်လေးမဟုတ်တော့ဘူး"

"အားးး..ထွက်သွား...ထွက်သွား"

"ဆောလ်နူး..‌ကိုကို့ဆောလ်နူး...လက်တွေနာ‌ကုန်မယ်လေ..
ကိုကို့ကိုကြည့်ပါဦးကွာ"

Wrap Me In Plastic/SUNSUN/Where stories live. Discover now