Another Life

306 27 3
                                    

လက်ထပ်ပွဲနေ့မှာပဲ Boo SeungKwanရဲ့ အရာအားလုံးက ကျရှုံးဖို့ဖြစ်လာခဲ့တယ်။ ဖြေရှင်းခွင့်မရှိသလို "တိုင်းပြည်သစ္စာဖောက်" ဆိုတဲ့ စွဲချက်တစ်ခုကြား လူအများကြီးရဲ့ လက်ညှိုးအထိုးခံ လူတန်းစားဟာ Boo SeungKwan ဖြစ်လာခဲ့သည်လေ။

ဒါဆို မေးစရာရှိလာတာက လက်ထပ်ပွဲနေ့မှာဆိုတော့ ခင်ပွန်းလောင်းကရော မကာကွယ်ပေးဘူးလား?

ဒီမေးခွန်းအတွက် အဖြေက ရိုးရှင်းလွန်းပါတယ်။

Chwe Hansol လား? သိပ်ကို ကာကွယ်ပေးခဲ့တာပေါ့။ အိမ်ရှေ့စံက Boo SeungKwanအတွက် ရှိရှိသမျှ အကုန်လုံးကို စွန့်လွှတ်ခဲ့တာလေ။

အဲတာက သူ့ အသက်ပင် ဖြစ်နေပါစေဦးတော့ ...

~

တိတ်ဆိတ်လွန်းတဲ့ မြေအောက်အကျဉ်းထောင်တစ်ခုမှာ စကားသံတစ်ချို့ ထွက်ပေါ်နေခဲ့သည်။

" မင်းမှာ အချိန်ရှိသေးတယ် Chwe Hansol, ထွက်သွားပါ။ ငါနဲ့အဝေးဆုံးကို ထွက်သွားလိုက်ပါ။ ဒါက မင်းအတွက် တစ်ခုတည်းသော အကောင်းဆုံးဖြစ်မဲ့ နည်းလမ်းပဲ။ "

SeungKwanသည် ပြောရင်း စကားတို့ကို ရပ်တန့်လိုက်၏။ ထို့နောက် Hansolဆီမှ တစ်ဖက်သို့ အကြည့်လွဲလိုက်၍ မျက်ဝန်းအိမ်ထဲ၌ ဝေ့သီနေသော မျက်ရည်တို့အား အတားအဆီးမရှိ ကျဆင်းခွင့်ပေးလိုက်သည်။

ဒါက သတ်မှတ်ထားပြီးသား ကံကြမ္မာနဲ့ ဘယ်လိုမှရှောင်လွဲမရတဲ့ နာကျင်စရာအဆုံးသတ်ဆိုရင်တောင် မင်းကိုတော့ အထိအခိုက်အကင်းဆုံး ဖြစ်စေချင်မိတာပါ။

ဒါကြောင့်

" ငါ့ကို မရွေးချယ်ပါနဲ့။ "

ကျေးဇူးပြုပြီး ...
ငါ့ကို ရင်နာရအောင် မလုပ်ပါနဲ့။ Vernon ah

" အမြန်ဆုံး ထွက်သွားပေးပါ အရှင့်သား။ အိမ်ရှေ့စံတစ်ယောက်နဲ့ မအပ်စပ်တဲ့ ဒီနေရာကနေ။ "

SeungKwanက မတ်တပ်ရပ်နေရာမှ ဒူးထောက်လိုက်၍ အပြတ်သားဆုံးစကားတို့ကို ပြောလိုက်၏။

သို့သော် သူ မတွေးထားမိသည်က အရှေ့ရှိသူကပါ သူ့ကဲ့သို့ ပြုလုပ်လိုက်မည်ကိုပင်။

" အရှင့်သား.. "

သူ တိုးတိတ်စွာ ရေရွတ်လိုက်သည်။

Another Life [Oneshot]Where stories live. Discover now