မျက်ဝန်းတွေထိ ဖုံးအုပ်ချင်နေသည့် ရှေ့ဆံပင်ရှည်တွေ...
ခြောက်သွေ့သွေ့ အသားအရည်ထက် လေကြမ်းတို့ တိုက်ခိုက်လာမှုကြောင့် အေးစက်နေ၏။
ချမ်းစိမ့်သည့်ခံစားမှုများလား...
ဒါပေမယ့် ကောင်းကင်ထက်တွင် ကြယ်တွေဟာ တလက်လက်တောက်ပနေပါသေးသည်။
ထိုတောက်ပနေမှုဟာ သူနဲ့ လုံးဝမသက်ဆိုင်နေပေမယ့်ပေါ့။
ဘာကြောင့်ဆို မည်သူမျှ သတိမထားမိနိုင်လောက်အောင် သူ့ဘဝကြီးဟာ မှေးမှိန်နေခဲ့လို့ဘဲဖြစ်၏။"ဟား..."
နှခမ်းတို့ တိတိပပ ကော့တက်သွားသည့် လူငယ်လေးတစ်ဦး။
မျှော်လင့်ချက်မဲ့နေသူတစ်ဦး ရယ်လိုက်တဲ့အခါ ပျော်ရွှင်၍လို့တော့ ခံစားမိမှာမဟုတ်။
သူ အရမ်းသဘောကျမိလို့များလား..သူ့ရဲ့စုတ်ပြတ်သတ်နေတဲ့ဘဝကြီးကိုပေါ့...
ဒါမှမဟုတ် သူ့ဆီရောက်ရှိလာသည့် ကံတရားကြီးကို လှောင်ရယ်ချင်နေတာများလား...မရှိခဲ့ဘူး ဘယ်သူ့မှ သူနာကျင်နေရလဲ သူ့ဘဝ ဘယ်လောက်ထိ နစ်မွန်းနေခဲ့ရလဲဆိုတာ မည်သူကမျှ သတိထားမိတာမျိုး မရှိခဲ့ဘူး။
လွန်ခဲ့သည့်ရက်ပိုင်းတွေမှာ သူ့သတင်းတွေဟာ လူတွေရဲ့ပါးစပ်ဖျားမှာ အတော်လေးပျံ့နှံ့နေခဲ့သည်။
"အချိန်တော်ကြာ ဆေးဝါးသုံးဆွဲနေခဲ့သည့် Park Gunwook!"
"မိန်းကလေးတစ်ဦးဆီမှ ဖောက်ပြန်ခြင်းခံလိုက်ရသည့် Park Gunwook"
"မိန်းကလေးတစ်ဦး သေဆုံးမှုရဲ့နောက်ကွယ်က ကြိုးကိုင်သူ Park Gunwook"
သိသိသာသာ ပြိုလဲသွားသည့် Park Groupရဲ့ စီးပွားရေးနယ်ပယ်တွင် အဓိက တရားခံဖြစ်သည့် Park Gunwookဟာ လူတွေအတွက် ရှောင်ဖယ်ချင်စရာလူတစ်ယောက်ဖြစ်နေခဲ့သည်။
"မိဘများ၏ ဂုဏ်သတင်းအား အောက်ဆုံးထိဆွဲချသွားခဲ့သည့်Park Gunwook"
ထို့ပြင်သာမက...
"တစ်ချိန်က အောင်မြင်ခဲ့သည့် အရည်အချင်းရှိပြီး နယ်ပယ်တော်တော်များများတွင် နေရာတစ်ခုရရှိခဲ့သည့် Park အိမ်တော်၏ သားငယ်မှာ ယခုတွင်တော့ 30ကျော် အသက်အရွယ်တစ်ခုထိရောက်ရှိသည့်အခါမှ မိန်းကလေးတစ်ဦးကြောင့် ဘဝကြီးဟာ ရစရာမရှိ ပျက်သုန်းနေရသည်"