1

180 31 2
                                    

"မဖြစ်ရဘူး!အဲလိုမဖြစ်ရဘူးလို့!!!!!"

ဆေးရုံတစ်ခု၏ အရေးပေါ်ခွဲစိတ်ခန်း အပြင်ဘက်တွင် မျက်ရည်တွေဖြိုင်ဖြိုင်ကျနေပါသော ကောင်လေးတစ်ယောက်။

နှုတ်မှလဲ စကားလုံးတွေဟာ ဝေဝေဝါးဝါး ရေရွက်နေလျက်...

"လူနာရှင်! ဒီမှာ!!!ရှင်က  လူနာပတ်ခ်ဂွန်းနုနဲ့ဘယ်လိုများ ပတ်သက်နေလဲရှင့်!"

"ဟို...ကျွန်တော် က...ကျွန်တော်က သူ့ရဲ့..အင်း ကျွန်တော်က..ပတ်ခ်ဂွန်းနုနဲ့ ဘယ်လိုပတ်သက်နေတာလဲဆိုတော့..."

"ထားလိုက်ပါတော့ ရှင့်နာမည်ဘဲ ပြောပေးပါ"

"ဆော့မတ်ချူး ပါ Doctor.."

"ဟုတ်ကဲ့ ဆော့မတ်ချူးရှင့် ကျွန်မတို့ အားလုံး အခု အခြေအနေမှာ အကောင်းဆုံးကြိုးစားပေးနေပေမယ့် လူနာရဲ့ခန္ဒာကိုယ်တွင်းထိခိုက်မှုများလွန်းတာကြောင့် လူနာ
ပတ်ခ်ဂွန်းနုအတွက် မျှော်လင့်ချက်မရှိတော့ဘူး..လို့​စိတ်မကောင်းစွာဘဲ အသိပေးပါရစေ.."

"ဘယ်..ဘယ်လို အဲဒီလူမှာ မျှော်လင့်ချက်မရှိတော့ဘူး!ဟုတ်လား Doctor!"

"လူနာကို နောက်ဆုံး နှုတ်ဆက်ချင်တဲ့ဆန္ဒရှိရင် ဝင်သွားလို့ရပါတယ်..ပြီးတော့ သက်သက်သာသာနှင့်ဘဲ လွှတ်ပေးလိုက်ဖို့အကြံပြုချင်ပါတယ် ဆော့မတ်ချူး ရှင့်"

သူ့ရှေ့မှ Doctor၏စကားအဆုံး ခွဲစိတ်ခန်းအတွင်းမှ တာဝန်ရှိသူများ မတ်ချူးကို တောင်းပန်တိုးလျှိုစွာ ကြည့်သွားကာ ထွက်သွားကြ၏။

အဝင်ဝမှ မြင်နေရသည့် ထိုလူက ဖြူဖျော့နေသော နှခမ်းတွေနှင့် အပြစ်ကင်းစင်စွာ အိပ်မောကျလို့နေသည်။

"တကယ်...ရော အိပ်နေတာမျိုး မဖြစ်နိုင်ဘူးလား!!"

"ရှင်.."

"ပတ်ခ်ဂွန်းနု အိပ်ပျော်နေတာမဖြစ်နိုင်ဘူးလားလို့!!!!အိပ်ပျော်နေတာမို့လို့ ကျေးဇူးပြုပြီး..ကျေးဇူးပြုပြီး ကျွန်တော့်ကို တောင်းပန်သလို လာမကြည့်ကြပါနဲ့ဗျာ..."

လူနာတစ်ဦး ဆုံရှုံးလိုက်ရလျှင် သက်ဆိုင်သူတွေအနေနှင့် ထိုသို့ ခံစားနိုင်သည်ကို ဆေးရုံ၏ဝန်ထမ်းတော်တော်များများ မြင်ဖူးတွေ့ဖူး၍ ထိုကောင်လေး၏ ခံစားချက်ကိုနားလည်နိုင်ကြသည်။

Another WorldWhere stories live. Discover now