"ပတ်ခ်ဂွန်းနု!ပတ်ခ်ဂွန်းနု!ပတ်ခ်ဂွန်းနု!"
ကျောင်းသားများ၏ သံစုံ အားပေးသံများကြားတွင် ဆော့မတ်ချူး၏ အသံက အကျယ်ဆုံးဘဲဖြစ်၏။
မည်မျှထိ ကျယ်လောင်နေသလဲဆိုပါလျှင် အနားတွင်ရှိနေသော ကင်ခ်ထယ်ရယ်ပင် နားနှစ်ဖက်အားပိတ်ထားလိုက်ရသည်။
ပတ်ခ်ဂွန်းနု~~
ထိုလူကို စသိခဲ့တာက ဆော့မတ်ချူးတို့တက်နေသည့် ကျောင်းအား ရင်းနှီးမြုပ်နှံးသောPark Group၏ တစ်ဦးတည်းသောသား အဖြစ်။
ထို့ပြင် ဘောလုံးကန်ရာတွင် နိုင်ငံလက်ရွှေးစင်အထိ အရည်အချင်းရှိသူ။
အနုပညာတက္ကသိုလိတွင် နောက်ဆုံးနှစ်တက်နေသော ပတ်ခ်ဂွန်းနုက မိန်းကလေးများကြား နာမည်ကြီးသူတစ်ဦး။အင်း..အနုပညာလောကထဲမှာလဲ တက်သစ်စ Modelတစ်ဦးဖြစ်ပြီး နာမည် အတော်အသင့်ရှိနေသူ။
ထို့ကြောင့်ပင် သူတို့ထက်အသက်အများကြီးကွာနေသလို အရည်အချင်းကပါ လိုက်မမှီနိုင်သည့် အားကျရသောစီနီယာတစ်ဦးဖြစ်၏။
ဆက်ဆံရေးက အားကျခြင်းမှ အစပျိုးခဲ့သည်ထင်သည်။
ထိုအချက်ကြောင့်ပင် မတ်ချူးက ထိုလူကို အဝေးကဘဲ အားပေးနိုင်ခဲ့သည်။
ထိုလူအနားရောက်သွားလျှင် ကိုယ့်ကိုယ်ကို သိမ်ငယ်သလို ခံစားနေမိတာမို့ တစ်ကြိမ်လေးမျှ အနားချည်းကပ်ဖို့ စိတ်မကူးခဲ့ပါ..။
ထိုလူက အကောင်းဆုံးတွေနှင့်သာ ထိုက်တတ်သူလို့ယူဆတာမို့ သူ တိတ်တဆိတ်သာငေးကြည့်ခဲ့ရသော ရပ်ဝန်းတစ်ခုအဖြစ်တည်ရှိနေခဲ့ခြင်းသာ။
"အခုတော့ အဲလို ထပ်မလုပ်နိုင်တော့ဘူး!!"
မတ်ချူး ဆုံးဖြတ်ချက်ချလိုက်၏။
ထိုလူကို ဘယ်တော့မှ ထပ်ပြီး ဆုံးရှုံးမခံနိုင်ဘူးဆိုတာ သေချာသွားတဲ့နောက် သူက
ပတ်ခ်ဂွန်းနုကို အရာအားလုံးနဲ့လဲပြီး ကာကွယ်သွားမှာဘဲဖြစ်၏။နောက်ထပ်တစ်ကြိမ် သူ့ရှေ့မှာ အားလုံးကိုအရှုံးပေးသွားသူအား ရပ်ကြည့်နိုင်ဖို့ အားအင်မရှိတာတော့ အမှန်ပါပင်။