'ငြိမ်း'...တဲ့။
ငြိမ်း..ငြိမ်း...ငြိမ်းဒီနာမည်ကလေးကိုဘဲ ကျွန်တော်ရွှတ်၍နေမိလေသည်။ အခုမူ ကျွန်တော့်ငြိမ်း ဘယ်ရှိတွေရောက်ပြီး ဘာတွေများ ဖြစ်နေမလဲ တွေးကာ စိတ်ပူပန်နေမိသည်။ ငြိမ်းရဲ့အရိပ်ယောင်၊အငွေ့သက်ကလေးများ ရှိတဲ့ ဒီခြံရဲ့မလှမ်းမကမ်းကပိတောက်ပင်ကြီး အောက်သို့ ကျွန်တော် ငြိမ်းကိုလွှမ်းစွတ်တမ်းတမိတိုင်း လာရောက်စမြဲ။ သို့ပေတိ ကျွန်တော့်မူပိုင်ဟု သတ်မှတ်ခွင့် မရခဲ့သော ကျွန်တော့်ငြိမ်းကို မမြင်တွေ့ရတော့ပေမဲ့ သူ၏အငွေ့သက်လေးများသည် ဤနေရာတွင်မှာ သူရှိနေသည့်အလား ကျွန်တော်ရင်ထဲတွင် ဒီကိုလာမိတိုင်း အမြဲခံစားရမိသည်။ အခုတွင်လဲ ဒီနေရာ ဒီအပင်ကြီးအောာက်မှာ ကျွန်တော်ထိုင်၍ ငြိမ်းကိုသတိရမိသဖြင့် ငြိမ်းအကြောင်းကို ကျွန်တော်တွေးကာ နေမိလေပြန်သည်။'လျှံငြိမ်း'
ပထမကတော့နာမည်လေး လှတာမို့ ကျွန်တော်ခေါ်ကောင်းကောင်း နှင့် ခေါ်မိပြန်သည်။
နောက်တော့ ယျောက်ျားလေးတစ်ယောက်ဖြစ်သည့်တိုင်အောင် ယျောက်ျားလေးတစ်ယောက်ကို ပေါ့ပေါ့ကလေးသေစေနိုင်သူ၊ သူ၏နာမည်နှင့်လိုက်အောင် မီးတောက်လျှံတွေလိုပူပြင်းပြီး ငြိမ်းငြိမ်းချမ်းချမ်း ဖြင့်သွေးအေးကာ လူတစ်ယောက်အပေါ်ရက်စက်နိုင်သူမို့...
ယခုမှာမူ ကျွန်တော်သည် ကွဲအက်ကြေမွနေသော အသည်းနှလုံးနှင့် မှုန်ရီမှိုင်းစွာ ဝေးကွာခဲ့သည့် ငြိမ်း ၏အတိတ်က အရိပ်တွေကို လိုက်လံဖမ်းယူကာ ငြိမ်း...ငြိမ်း...ငြိမ်း...ဟုမောဟိုက်စွာတမ်းတမိပါ သည်။____________။
ကျွန်တော် 'ငြိမ်း' ဟုခေါ်သော ယျောက်ျားလေး တစ်ဦး ဤလောက၌ ရှိမှန်း စသိသောအချိန်သည် လွန်ခဲ့သော ၈နှစ်ခန့်ကပင်ဖြစ်ပါသည်။
ထိုနေ့ညနေတွင် နွေ၏ကြွေသုဥ်းလု ရက်များအတွင်းဖြစ်ပါသည်။ မိုးမတိုင်မှီ ကောင်းကင်၌ တိမ်ညိုမှိုင်းကာ လေပြေကလေးများ လွှမ်းစွတ်ဖွယ် တိုက်ခတ်လာနေ၏။
ကျွန်တော်သည် ပီယာနိုရှေ့တွင် စိတ်မပါဘဲ ဂီတသင်ခန်းစာများကို လေ့ကျင့်နေရ၏။ ကျွန်တော်သည် ဘွဲ့ရပြီးသည့်တိုင်အောင် အိမ်သို့မပြန်ချင် သဖြင့် ရန်ကုန်မှာဆက်လက်နေထိုင်၍ ဂီတကိုသင်ခန်း စာတစ်ရပ် အဖြစ် ကျွန်တော်သင်ယူနေသည်။
မိုးဦးလေဦးကျဝယ် လျှပ်စီးလက်ပြီး မိုးခြိမ်းသံများကြားလျှင် အိပ်ရာတွင်း၌ နားနှစ်ဖက်ကိုခေါင်းအုံးဖြင့် ဖိပိတ်ရင်း နွေးနွေးထွေးထွေး ကွေးနေရခြင်းကို ကျွန်တော် တပ်မက်သည်။ ယခုမူ မိုးခြိမ်းသံအား မလွှမ်းနိုင်တော့ ပီယာနိုကို တီးနေရသဖြင့် ကျွန်တော်စိတ်ပင်ပန်းနေ၏။
ကျွန်တော်သည်သည်းမခံနိုင်တော့သည့်အဆုံး၌ ပီယာနိုခလုတ်အဖုံးကို ပိတ်ကာ အိမ်အပြင်ဘက်သို့ လေညင်းခံရန်ထွက်လာခဲ့သည်။ လေကောင်းလေသန့်ရှူရန် ရည်ရွယ်ချက်ဖြင့်ထွက်လာခဲ့သော ကျွန်တော် သည် ခြံ၏မလှမ်းမကမ်း ပိတောက်ပင်ကြီးတစ်ပင်အောက်မှာ တွေ့ရသော သဏ္ဌာန်ကြောင့် ခြေလှမ်းများ တုံ့သွားသည်။
ပိတောက်ပင်ခြေရင်းကိုမှီ၍ ကောင်လေးတစ်ယောက်သည် အဝေးသို့ငေးကြည့်နေ၏။ငေးကြည့်ရာစီ၌ မနီးမဝေးတောင်ပေါ်တွင် ရာသီဥတုဒဏ်ကြောင့် မှိုင်းညိုသော စေတီပျက်တစ်ခုအား တွေ့မြင်နိုင် သည်။
ကျွန်တော်သည် သူ့အနားသို့ချဥ်းကပ်သွားသည်။ အနီးရောက်သောအခါမှ ကျွန်တော်အံသြရပြန် သည်။
ကောင်လေးသည်ကျွန်တော့်ထက်ငယ်လိမ့်မည်။သို့ရာတွင် သူ၏လက်ထဲ၌စီးကရက် တစ်လိပ်ရှိရာ ဘေး၌လည်း စာအုပ်တစ်အုပ်ရှိသေး၏။
ကျွန်တော် အနီးသို့ ရောက်သောအခါ သူကမော့၍ ကြည့်သည်။ကျွန်တော်တို့နှစ်ဦးသည် အတန်ကြာစွာ စကားမပြောဘဲ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေမိ သည်။
ကျွန်တော်က စတင်၍ နှုတ်ဆက်သည်။
YOU ARE READING
အတိတ်ရဲ့အရိပ်
Fanfiction'' မီးလျှံတွေလို ပူပြင်းစွာဖြင့် မနေအပ်ပဲ ဟိုအဝေးသို့ ငြိမ်းချမ်းစွာပဲ ပျံသန်းစေ။'' မင်းမြိုင်