part (19)

4.4K 231 11
                                    

အပိုင်း(၁၉)
"ဟိုလူကြီးကကျွန်တော့်ယောက်ျားတဲ့လား"?
အတန်းချိန်ပြီးသည်နှင့် ကွန်ဒိုသို့ အမြန်ပြန်ရောက်သွားချင်ခဲ့သည်။အစ်ကို ကောင်းမြတ်လွန်း ကို အမြန်မြင်ချင်လှပြီ ဖြစ်သည်။ ဘာ အကြံဉာဏ်မှ မပေးနိုင်ပေမယ့် ဖက်ထားချင်မိသည်။

သူ့အိမ်မှာ ဘုရင်တစ်ပါးနှယ် နေခဲ့ရသည့် အစ်ကိုကောင်းမြတ်လွန်း တစ်ယောက် သူ့သူငယ်ချင်းဆီမှာ အလုပ်သမား ပြန်လုပ်ရတော့ စိတ်ထဲ အဆင်ပြေပါ့မလား စိုးလည်း စိုးရိမ်သည်။

"ဟိတ် ကောင်လေး။
ဒါက ဘယ်ကို ပြေးနေတာလဲ"?

ထွန်းမြတ်ကိုနှင့် ကျောင်းဝန်းတံခါး၏ရှေ့၌ပင် လမ်းခွဲခဲ့ပြီး တက္ကစီ တားရန် လမ်းမဘက်ဆီသို့ ခပ်သွက်သွက်လေး ထွက်လာသည့် ကျွန်တော့်ကို လက်လှမ်းဆွဲတာ ခံလိုက်ရသည်။

"ဟင် အစ်ကို"

အစ်ကို ကောင်းမြတ်လွန်း၏ အပြုံးလေးတွေက အရင်လိုပင် တောက်ပနေဆဲ ဖြစ်သည်။
လူပုံသဏ္ဍာန်ကလည်း အရင်လို သန့်ပြန့် ခန့်ညားနေဆဲပင် ဖြစ်သည်။

သူ့ကို မြင်တော့ ကျွန်တော်ကသာ အလိုလို နေရင်း ဝမ်းနည်းသွားသည်။
ရင်ခွင်ထဲသို့ ပြေးဝင်ကာ ခပ်တင်းတင်းလေး ‌ဖက်ထားလိုက်မိသည်။

"ဘာဖြစ်လို့လဲဟင်?
ယုမောင်လွင်လေး။
ဘယ်သူက ဘာပြောလို့လဲ?
အစ်ကို့ကို ပြော။
အစ်ကို ရှိတယ်"

"ဟင့်အင်၊
ဟင့်အင်၊
ဘယ်သူမှ ၊ဘာမှ၊ မပြောပါဘူး။
ကျွန်တော့် ဘာသာ ကျွန်တော်
ဝမ်းနည်းလို့ ပါ အဟင့်အဟင့်"

"ဟောဗျာ
အစ်ကို့ ကောင်လေးကို ဘယ်သူက ဝမ်းနည်းအောင် လုပ်တာလဲ? ပြော။
မိုးအထိ မီးတက်ရှို့ပေးမယ်။
အစ်ကို့ကို ပြော။
ယုမောင်လွင်"

စကားပြောရင်း ကျွန်တော် ရှိုက်လိုက်သည့် အသံကြောင့် အစ်ကို ကောင်းမြတ်လွန်း စိတ်ပူသွားသည် ထင်သည်
ဘာပဲ ဖြစ်ဖြစ် အစ်ကို ကောင်းမြတ်လွန်းကို စိတ်မပူစေချင်ပေ။

" အစ်ကို အလုပ်လျှောက်တာ မရဘူး ဆို၊အစ်ကို အစ်ကို့သူငယ်ချင်းဆီမှာ အလုပ်လုပ်ရတော့မယ်ဆို "
လို့လည်း ကျွန်တော် မ‌ေမးချင်ပေ။
ပြောလည်း မပြောချင်ပေ။

ဟိုလူကြီးက ကျွန်တော့်ယောက်ျားတဲ့လားWhere stories live. Discover now