part (15)

5.6K 242 16
                                    

အပိုင်း(၁၅)
"ဟိုလူကြီးက ကျွန်တော့်ယောက်ျားတဲ့လား?"
"နိုးလာပြီလား ဟင် အစ်ကို့ ကောင်လေး"
မျက်လုံးပွင့်သည်နှင့် တစ်ပြိုင်နက်တည်း အစ်ကိုကောင်းမြတ်လွန်း၏ အသံကို ကြားလိုက်ရသည်။

"ဟင်
အစ်ကို
ကျွန်တော့် အခန်းထဲ ရောက်နေတယ်"

"ရှူးတိုးတိုး"

အစ်ကိုကောင်းမြတ်လွန်းက သတိပေးလိုက်မှ ကျွန်တော်လည်း အသံလျော့လိုက်သည်။

"အစ်ကို ဘယ်လိုရောက်လာတာလဲ"?

"ဟောဒီ ပါးဖောင်းဖောင်းလေးက ဆွဲခေါ်လိုက်လို့ အစ်ကို ရောက်လာတာပေါ့"

လက်တစ်ဖက်က ကျွန်တော့်ပါးဖောင်းဖောင်းလေးဆီရောက်လာကာ ကျန်လက်တစ်ဖက်က ကျွန်တော့် လက်ဖဝါးလေးကို ဆုပ်ကိုင်လာသည်။
နံနက်ခင်း ၏ အလင်းရောင်အောက်၌ အစ်ကို ကောင်းမြတ်လွန်းက မွှေးကြိုင် သန့်ပြန့်နေကာ smart ကျ ချောမော နေလေသည်။

"ဟွန်း
အစ်ကိုက အပိုတွေ
ပြောပြီ။
ဒါနဲ့
အခု တအားချောမော သန့်ပြန့်နေတာ ဘယ်ကို သွားစရာ ရှိလို့လဲ"?

"ဘယ်ကိုသွားရမှာလဲ
ဟောဒီက တစ်ယောက်တည်းပဲ ရှိတဲ့
အစ်ကို့ကောင်လေးဆီ လာတာပေါ့။

ကဲ ရော့
ဒါလေး လာပေးချင်လို့
မနက်အစောကြီး သူများသားရဲ့ အခန်းထဲ ခိုးကြောင်ခိုးဝှက် ဝင်လာရတယ်"

ပွင့်အာလုလု
ပန်းနုရောင်နှင်းဆီဖူးကြီး
အပွင့်သုံးဆယ်လောက်တော့ ရှိမည်။
ဇာအဖြူရောင်လေးနှင့် စည်းနှောင်ထားသည့် ပန်းစည်းကြီးက ကျွန်တော့် ရင်ခွင်ထဲသို့ ရောက်လာလေသည်။

ဘဝမှာ ပထမဦးဆုံး ရဖူးသည့် ပန်းစည်းကြီးပင် ဖြစ်သည်။

"ဟာ
လှလိုက်တာ။
ဒါ ကျွန်တော့်အတွက်လားဟင် အစ်ကို။
ဒီနေ့ ဘာနေ့မို့လဲဟင်?
တစ်လပြည့်လဲ မဟုတ်ပါဘူး။
ကျွန်တော့်မွေးနေ့များလား"?

ကိုယ့်မွေးနေ့ကိုယ် မှတ်လည်း မမှတ်မိ၊
အဘိုးကို မေးထားရမှန်းလည်း မသိ၊
ဆေးရုံက ဆင်းလာကတည်းက ရည်းစားထားနေရတာနှင့် မအားမလပ်အောင်ကို အလုပ်များနေခဲ့သည် မဟုတ်လား?။

ဟိုလူကြီးက ကျွန်တော့်ယောက်ျားတဲ့လားWhere stories live. Discover now