Unicode

207 14 14
                                    

" ကင်မ်ဂျယ်ဟီး ဒီကိုလာခဲ့စမ်း! "

စာရေးခုံပေါ်တွင် တင်ထားတော့လက်အား ခပ်တင်းတင်းဆုပ်ထား၍ နှုတ်ခမ်းကိုသွားနှင့်ကိုက်ထားသည်မှာ အမှန်တကယ်စိတ်မထိန်းနိုင်လောက်အောင် ဒေါသထွက်နေသည့်ပုံပင်။

" ကင်မ်ဂျယ်ဟီး နင်ငါခေါ်နေတာကို မကြားဘူးလား ! အခုချက်ချင်း ငါ့မျက်စိရှေ့ကိုလာခဲ့! "

အသက်ကိုခပ်ပြင်းပြင်းရှူထုတ်ရင်း အိမ်ခန်းအပြင်ကိုထွက်လာခဲ့ပေမယ့် ထိုအော်ဟစ်သံကြောင့် တုန်လှုပ်နေမှုမရှိသည်မှာ သေချာသည်။

နေ့တိုင်းကြားနေရသည့် ထိုအသံ ။

ဂျယ်ဟီးမုန်းတဲ့ ထိုအသံ ။

" ကင်မ်ဂျယ်ဟီး နင်လာခဲ့ "

ဆိုဖာခုံပေါ်တွင် ခပ်ကြော့ကြော့ထိုင်ရင်း ဂျယ်ဟီးကို နီရဲနေသည့်မျက်လုံးနှင့်ကြည့်လာသည်။ မျက်နှာချင်းမဆိုင်ချင်လောက်အောင် မုန်းမိပေမယ့် ဂျယ်ဟီးဘက်မှလည်း ပြောစရာစကားတွေရှိနေသည်မို့ ငြင်းပယ်ခြင်းမပြုကာ ခပ်ဝေးဝေးမှာရှိသည့် ခုံ၌ထိုင်နေလိုက်သည်။

" ကင်မ်ဂျယ်ဟီး နင့်ကိုငါအခုတလော ဘာမှ၀င်မပြောဘူးဆိုပြီး ရောင့်တက်နေတယ်ပေါ့ "

" ဘာကိုလဲ "

" နင်ငါ့ကိစ္စရော ငါ့သားကိစ္စရော နင့်အဖေကိုသွားပြောထားတယ်မလား "

" အဖေသိသင့်တယ်ထင်လို့လေ ။ ဘာလဲ ကျွန်တော်က‌ ရေငုံနှုတ်ပိတ်ပြီး ဖြစ်သမျှကိစ္စတိုင်းကို လက်ပိုက်ကြည့်နေရမှာလား "

" ကင်မ်ဂျယ်ဟီး နင်! "

ဂျယ်ဟီးကိုရိုက်ဖို့ လက်ရွယ်လိုက်ပေမယ့် အခေုအနေသိသည့်ဂျယ်ဟီးက သူ့အားရွယ်ထားသည့်လက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။

" ရိုက်ဖို့ပြင်နေတာလား ။ အဖေ့ဆီပြောပြလိုက်ဖို့  အကြောင်းတစ်ခုထပ်တိုးမှာ မကြောက်ဘူးလား "

" အဖေ့ရှေ့မှာ ကျွန်တော့်ကိုတအားကြင်နာပြမနေနဲ့ မုန်းဖို့ကောင်းတယ် "

ရွယ်ထားသည့်လက်ကို လွှတ်ချရင်း အိပ်ခန်းထဲပြန်၀င်မည့်အပြင် အနောက်သို့လှည့်ကြည့်ရင်း ထိုအမျိုးသမီးကို အသိပေးလိုက်သည်။

영원히 Where stories live. Discover now