အပိုင်း-၁၀

963 77 22
                                    

ဝါဆိုဝါခေါင်ရေဖောင်ဖောင်ဆိုသည့်စကားပုံအတိုင်း
မိုးစက်တွေဟာ အတောမသတ်နိုင်တော့။တလုံးတခဲ
မရွာရင်တော့အမြဲတမ်းလိုလို မိုးဖွဲဖွဲတွေကျနေတက်
သည်။ဝါတွင်းကာလပင်မို့ ကြင်ဖက်ကလေးတွေ့
အဆင်ပြေလို့ရှိရင်လာမဲ့လကျရင် လက်ထပ်ထိမ်း
မြားဖို့အဆင့်သင့်ရှိပြီးသား။

အခုတော့ပျောက်ချင်းမလှပျောက်သွားသောသားဖြစ်
သူ စိုင်းဧကရာဇ်ဂျွန်ကြောင့် ဒေါ်နန်းဧကရီမင်းသည်
ရှုံံ့မဲ့ကာ..မြင်းလှည်းသမားဖိုးလူကို အာပြဲလျှာကြမ်းဖြင့်
စစ်မေးနေပါတော့၏။ဒေါ်နန်းဧကရီမင်းက နယ်စားမင်း၏မိခင်ဂုဏ်ပုဒ်ကိုခံယူထားပင်မဲ့ တခြား
မိန်းမတွေနဲ့မတူဘဲ ပြောစရာရှိရင်ပွင့်ပွင့်လင်းလင်း
ပြောတတ်ပြီး လူတိုင်းနှင့်မတည့်သည့်လူ့ဂွစာမျိူး
ဖြစ်သည်။

"ဟဲ့..ကျူပ်သားရောလို့..ဖေကြီးဂျွန်..ရှင်ကတော်
တော်အိပ်ကောင်း​နေတယ်ရော်..ဒီမှာ..တော့်သား
တယောက်လို့ပျောက်သွားတာမသိဘူးလား..အမလေး.."

ဒေါ်နန်းဧကရီမင်း၏အသံစာစာကြောင့် ဦးစိုင်းရာဇာ
လှုပ်လှုပ်ရွရွဖြစ်လာသည်။အမ်..ဦးစိုင်းရာဇာကတော့
ခပ်အေးအေးလူစားမျိူး..အမြဲတမ်းပုတီးစိပ်နေတတ်
ပြီးဘုရားတရားသမား။တောင်တောင်မလိုအပ်ရင်
စကားသိပ်မပြော..ရွာထဲကလူတွေကတော့ အသွင်တူ
လို့အိမ်တူဖြစ်တယ်ဆိုတဲ့စကားကို ဦးစိုင်းရာဇာတို့
လင်မယားကိုကြည့်၍ သိပ်မယုံကြည်ကြ။ဘယ်နှယ့်..
အပေါက်ဆိုးဆိုးဒေါ်နန်းဧကရီမင်းနဲ့ ဘုရားရိပ်တရား
ရိပ်သမား ဦးစိုင်းရာဇာတို့ချစ်ကြိုးသွယ်ခဲ့ကြလဲသူတို့
မသိကြ။

"အေ..အဲ့ဒါမင်းလုပ်လို့ဖြစ်တာလေ..ကျူပ်သားမှ
မိန်းမမလိုချင်တာကို..မင်းပဲအတင်းပေးစားဖို့လုပ်နေ
တာကို။အခုသားက..မလိုချင်မှတော့ထွက်​​ပြေးပြီ"

လူအေးကြီးဦးစိုင်းရာဇာကပါ ဒီလိုပြောလာတော့
ဒေါ်နန်းဧကရီမင်းတို့မခံစားနိုင်တော့..

"ကျူပ်ကလည်း..မသေခင်လေး အိမ်ထောင်ကျတာ
မြင်ချင်လို့ပါကွယ်.."

မျက်ရည်တစမ်းစမ်းဖြင့်ပြောလာသောဒေါ်နန်းဧကရီမင်းကိုကြည့်၍ ဦးစိုင်းရာဇာလည်းနှစ်သိမ့်လိုက်ပြီး
သတို့သားမပါတော့ ပြန်လှည့်မည်ဟုဆိုကာဖိုးလူ
ကိုပြန်လှည့်ခိုင်းလိုက်တော့သည်။

ချယ်ရီမြေပေါ်က မောင့်ချစ်သက်သေ | KVWhere stories live. Discover now