အပိုင်း-၁၂

654 79 9
                                    

မိုးစက်မိုးပေါက်တွေဟာ၊တောင်ကြီးမြို့လေးထဲ
အတောမသတ်နိုင်တော့။နဂိုကတည်းက အချမ်းဓာတ်
ပိုနေတဲ့မြို့လေးဟာ..ဆယ်နှစ်ရာသီမိုးတွေဆွေနေ
တော့ခပ်အေးအေး။

အရမ်းကြီးမရွာရင်တောင်..ဟိုနေရာလေးဆွေ၊ဒီနေရာ
လေးဆွေနဲ့မိုးဟာကျီစယ်နေသလို။တိမ်မည်းတွေ
တဖြည်းဖြည်းရွှေ့နေပုံက..မီးခိုးတွေပျံံ့လွင့်နေသလို။

မကြာခင်..ကောင်းကင်ကြီးဟာတိမ်မည်းတွေရှင်း
လာပြီး..နေလုံးကြီးထွက်လာတော့မည်။တွန်ဖို့အဆင့်
သင့်ဖြစ်နေတဲ့ ကြက်ဖကြီးကလည်းတောင်ကြီးမြို့
တစ်မြို့လုံးနီးပါးနိုးအောင်..တွန်နေသလားအောက်မေ့
ရတယ်။

တဂျစ်ဂျစ်မြည်နေတဲ့..ဂျစ်ကားအမဲလေး..ဈေးထဲ
ဝင်လာတော့အကုန်လုံးရဲ့မျက်လုံးတွေဟာထိုဂျစ်ကားလေးဆီ..တောင်တောင်ဘယ်သူမှဝယ်မစီးနိုင်တဲ့
ဂျစ်ကားကိုစီးနင်းလာသူသည်..တစ်မိုးအောက်နှစ်
ယောက်မရှိနိုင်တဲ့နယ်စားမင်းကြီးရယ်ပါ။

ရွက်ဖျင်ထိုးဈေးသည်တွေရဲ့အော်သံ၊စံပယ်ပန်း
ခရေပန်းတွေရောင်းနေတဲ့ကလေးတွေရဲ့အော်သံ..ဆိုင်
ရာအလုပ်တွေကိုသွားနေကြတဲ့လူလတ်တန်းစားတွေရဲ့ခြေလျှောက်သံတွေ..မြင်းလှည်းသံတွေနဲ့..အနည်း
ငယ်သာလမ်းမပေါ်မှာရှိတဲ့ဂျစ်ကားတွေနဲ့..ဘိလပ်
အမိုးဖွင့်ကားသံတွေဟာ..ဈေးလမ်းမပေါ်မှာရှုပ်ရှုတ်
ခပ်စွာ..။

ဂျစ်ကားလေးကိုဘေးတစ်နေရာရပ်လိုက်ပြီး..အင်္ကျီ
ကိုအနည်းငယ်ပြင်၍ဈေးထဲကိုဝင်လာခဲ့ပါသည်။
သူဝင်လာတော့..အကုန်လုံးရဲ့မျက်လုံးတွေကသူ့ဆီ
မှာညွှတ်တွားလို့။

မျက်နှာချေတွေလိမ်းထားတဲ့မိန်းမသားတစ်ချိူ့ဟာ
ခပ်ကြွကြွ..။

အနက်ရောင်လည်ကတုံးအင်္ကျီနဲ့ပုဆိုး
ကွက်ကြားတို့ကို..ခါးပတ်နှင့်ဝတ်ဆင်ထားပြီး၊
ဘိလပ်ရှုးဖိနပ်ကြီးက..ထိုသူနဲ့ဝင့်ဝင့်ကြွားကြွားဖြစ်
နေလေ၏။

လုံမပျိူတို့ကတော့..နယ်စားမင်းကြီးကိုအပီအပြင်
မိန်းမမာယာတို့ထုတ်သုံး၍..ဖြားယောင်းနေပါတော့
သည်။တချိူ့မိန်းမကြီးတွေကတော့..နယ်စားမင်းကို
ကြည့်ပြီးစိတ်ကခပ်ရှုပ်ရှုပ်။

ချယ်ရီမြေပေါ်က မောင့်ချစ်သက်သေ | KVWhere stories live. Discover now