အပိုင်း (1.2)

276 55 2
                                    

(1.2)

မန့်စီး က သက်ပြင်း ချ လိုက်တယ်။

'' ငါ အဲ့တာ ကို ထည့်လိုက် ပါတယ်ကွာ။ ဒါပေမယ့် အဲ့တာ ကို ကြည့်ရတာ အလုပ် ဖြစ်တဲ့ ပုံ မပေါက်ဘူး ကွ ''

လူတိုင်း, : '' ...... ''

'' မဟုတ်သေးဘူး ''

မန့်စီး က အမှန်ကန်ဆုံး ထပ်ပြော လိုက်တယ်။

'' အဲ့တာ က အလုပ်ကို မလုပ်တာ ကွ။ အဲ့တာက စိတ်ဝိဉာဥ် ကိုယ်ထည် ကြောင့် ပျက်စီး သွားတယ် လို့တော့ ငါ သံသယ ဖြစ်မိတယ်။ ''

အဆုံးမှာတော့ ထို သူ က စစ်အကယ်ဒမီကျောင်း သား တစ်ယောက် ဖြစ်ပြီး S အဆင့် ကွဲပြား လာတဲ့ သူ​လေ။ အခုမှ နိုးထ စ သားပေါက်လေး အသွင်ပဲ စိတ်ဝိဉာဥ် ကိုယ်ထည် က ရှိနေ သေးတယ် ဆိုပေမယ့် လည်း ပဲ သူ့ရဲ့ ခွန်အား သန်မာ မှု ကတော့ လွယ်လွယ်လေး ကိုင်တွယ်လို့ ရတဲ့ အရာမျိုး မဟုတ်ခဲ့ပေ။

'' အဓိက ကိုယ် က ဒီကို မလာချင်တာ ကြောင့်များ ဖြစ်နိုင်မလား။ ဒါကြောင့် သူက သူ့ရဲ့ စိတ်ဝိဉာဥ် ကိုယ်ထည် နဲ့ လင့်ခ် ကနေ တစ်ဆင့် ဆက်သွယ်ပြီး ချပ်စ်ပြား ကို ဖျက်စီး ခိုင်းလိုက်တာ ဖြစ်နိုင် မလား? ''

အဆုံးမှာတော့ စိတ်ချင်း ဆက်နွယ်မှု ရှိနေဆဲ ဖြစ်တဲ့ အတွက်ကြောင့် အဓိက ကိုယ် တွေးနေတဲ့ အတွေးတွေ ကို ဒီဘက်က စိတ်ဝိဉာဥ် ကိုယ်ထည် သားပေါက် ရဲ့ တွေးတော ပုံအား အကျိုး သက်ရော​က်မှု ရှိစေ တယ်လေ။ ဒီလောက် ချပ်စ်ပြားလေး တစ်ခု ကို ဖျက်စီး လိုက်ဖို့ က တော့ မခက်ခဲနေပါချေ။

လူတိုင်း မှာ ဒီလို အတွေးမျိုး တွေးလာ ကြတယ်။ ဘာလို့လဲ ဆိုတော့ အွန်လိုင်း ပေါ်မှာ တစ်ခြား လူတွေက ဒီပရိုဂရမ် နဲ့ ပတ်သက်ပြီး အကန်တွေ ချည်းပဲ ပြောထားတာကြောင့် စစ်အကယ်ဒမီက ပထမနှစ် လူသစ်လေး တွေက ပါဝင် ဆောင်ရွက် ပေးချင်စိတ် မရှိနေ ဘူးဆိုတာကို အတပ်မပြော နိုင်ဘူးလေ။

မန့်စီး က သူ့ရဲ့ ခေါင်းကို ခါလိုက်တယ်။

'' ငါ အခုလေးတင်ပဲ အဓိက ကိုယ်ဖြစ်တဲ့ ဟန်ပိုင်ရိ ကို ဆက်သွယ် လိုက်တယ်။ ဟန်ပိုင်ရိ ကိုယ်တိုင် ကလည်း အံ့သြ နေပြီးတော့ သူ့ စိတ်ဝိဉာဥ် ကိုယ်ထည် နဲ့ စိတ်ချင်း ဆက်သွယ် ပေးပါ့မယ် လို့လည်း သဘောတူ ခဲ့တယ်။ သူ့ရဲ့ စိတ်ဝိဉာဥ်ကိုယ် ထည် ကို နောက်ပိုင်းကျ ရင် ငါတို့ စီ ရောက်အောင် ပြန်ပြော ပေးလိုက်မယ်တဲ့။ ငါက သူ့ကို တည်​နေရာ တောင် ပို့ပေး လိုက်ပြီ ''

Sအဆင့် စိတ်ဝိဉာဥ် ကိုယ်ထည်များ အတွက် မူကြိုကျောင်းဆရာ ဖြစ်လာခြင်း [BL]Where stories live. Discover now