5

68 7 0
                                    

နောက်တစ်နေ့ရောက်တော့ဒါရိုက်တာကြီးကတစ်ယောက်ချင်းစီကိုတွေ့ဖို့အတွက်စာပို့လိုက်တော့

"ကိုယ်မင်းကိုလာခေါ်မယ်" ဆိုပြီးနီခီကိုစာလှမ်းပို့လိုက်ကာနီခီအိမ်ရှေ့ကိုရောက်တော့နီခီမဆင်းလာတာနဲ့စိတ်ပူပြီးစာတွေတောက်‌လျှောက်ပို့နေတော့တယ်...။

သူအဲ့လိုလုပ်နေချိန်နီခီကဆင်းလာပြီးကားနားကိုရောက်လာကာဂျေးအီကဆင်းမလို့လုပ်တုန်းသူ့ဘာသာသူတံခါးကိုဖွင့်လိုက်ပြီးခါးပတ်ပတ်မလို့လုပ်တော့ပတ်မရဘူးဖြစ်နေတာပေါ့...။

"ကိုယ်ပတ်ပေးမယ်" ဆိုပြီးအနားကိုတိုးလာပြီးပတ်ပေးလိုက်ကာ

"စိတ်ဆိုးနေတာလားဟင်?ကိုယ်တောင်း-"

"ရိုင်းစိုင်းမိလို့တကယ်တောင်းပန်ပါတယ်"

"ဪ?"

"တကယ်ဆိုနားလည်ပေးရမှာကိုးစိတ်ဆိုးလိုက်မိတယ်တစ်ဖတ်သတ်ချစ်ရတာကတကယ်နာကျင်ရတာကိုအခုလိုလုပ်လိုက်တော့ဝမ်းနည်းသွားမှာပေါ့"

"ကိုယ်ကဘာမှမဖြစ်ပါဘူးဒါပေမဲ့မင်းမုန်းသွားမှာကိုကြောက်နေမိတာ"

"ကျွန်တော့်ကျေးဇူးရှင်ကိုမုန်းစရာလားဗျာ?ပြီးတော့နားလည်ပေးလို့ရတာပဲကိုး"

"ကျေးဇူးပါဒါနဲ့ကိုယ်ဆိုအီကိုခနဝင်ခေါ်လိုက်မယ်ရမယ်မလား?"

"ရတယ်ဗျ"

"ဪ" ဆိုပြီးဆိုအီအိမ်ကိုရောက်တော့မက်ဆေ့ခ်ျလှမ်းပို့လိုက်ကာ

"အဲ့အွန်ငြီးကကျွန်တော်တို့ကားထဲပါမှာမလားဗျ?"

"ဪဟုတ်တယ်" ဆိုပြီးပြောနေတုန်းအောက်ကိုဆင်းလာပြီးကားထဲကိုဝင်ထိုင်လိုက်တော့တယ်...။

"မင်္ဂလာပါခင်ဗျ"

"ဪမင်္ဂလာပါနာမည်ကဆိုအီပါ"

"နီရှီမူရာရီခီပါ"

"ဒါဆိုစီနီယာတို့ကအတူတူတွဲရိုက်မှာပေါ့နော်"

"ဪပြောပြထားတဲ့အတိုင်းပဲ"

"ကျေးဇူးပါစီနီယာအခုလိုမျိုးလက်တွဲခေါ်ပေးတဲ့အတွက်" ဆိုပြီးပြောလိုက်ကာခနလောက်အကြာကျဒါရိုက်တာကြီးဆီရောက်သွားခဲ့ပြီး

Fight and Destroy ✓ || Jayki 🦅🐥Where stories live. Discover now