Part-2

966 69 14
                                    

နွေတစ်ယောက် အိပ်ခန်း ဝရံတာတွင်ထွက်၍ ဘီယာသောက်ရင်းစာဖတ်နေစဉ် ခြံအတွင်းသို့ ကားတစ်စီးရောက်လာသည်။ ထိုကားပေါ်က ဆင်းလာသူက စောကလျာမေနှင့် သူ့အမေဖြစ်ဟန်တူသော အမျိုးသမီးကြီးတစ်ယောက် အိမ်အကူများက အိမ်ထဲသို့ညွှန်ပြကြလေသည်။

" နွေဆူးခက်အောင်နဲ့တွေ့ချင်တယ်လို့ပြောလိုက်...ငါ့သမီးကို တာဝန်မယူလို့မရကောင်းလား...ခင်စောမေတဲ့ တစ်မေတည်းရှိတယ်"

ထိုအမျိုးသမီးကြီးက အိမ်အကူတွေကို အသံမာမာဖြင့်ပြောနေလေသည်။

" ဆူဆူညံညံနဲ့ဘာဖြစ်နေကြတာလဲ"

လှေကားပေါ်မှ ဒေါ်အမ်မလီအောင်က ဆင်းလာသည်။

" ရှင်တို့ ကိုယ့်သားသမီးကို ဘယ်လိုသင်ပေးထားလဲ...သူများသားသမီးကို ကျောရရုံကြံပြီး တာဝန်မယူနဲ့လို့သင်ပေးထားလား"

" ပြောစရာရှိတာထိုင်ပြောရအောင်"

ဒေါ်အမ်မလီအောင်က ဧည့်ခန်းကိုညွှန်ပြလိုက်သည်။

" ဧည့်သည်တွေဖို့ ကော်ဖီလုပ်ခဲ့ပါဦး"

ဒေါ်အမ်မလီအောင်၏ဒေါသသံစွက်နေသော စကားကြောင့် အိမ်အကူများလည်း လန့်ဖြန့်ပြီး နေရာမှ ခပ်သုတ်သုတ်ပြေးလေတော့သည်။

" လာရင်းကိစ္စကို ပြောပြပါဦး မခင်စောမေ"

" အရင်နေ့က ကျွန်မသမီး စောကလျာမေနဲ့နွေဆူးခက်အောင် အခန်းထဲမှာ ပိတ်မိနေခဲ့တယ်..နွေဆူးခက်အောင်က ကျွန်မ သမီးကို အခန်းထဲမှာ အနိုင်ကျင့်ခဲ့တယ်..အဲဒါ တာဝန်ယူပေးပါ..ကျွန်မသမီးကို လက်ထပ်ရမယ်..ရှင်တို့လာတောင်းရမ်းပေးပါ..ကျွန်မတို့ဘက်က တစ်ခုခုမီဒီယာမှာ ဟလိုက်မယ်ဆိုရင်...အကျိုးနည်းမှာ ရှင်တို့ အောင်သုခဆေးရုံမိသားစုပဲနော်"

ဒေါ်ခင်စောမေက ဟန်ပါပါဖြင့်ပြုံးလိုက်လေသည်။ သူ့စိတ်ထဲတော့ ဒေါ်အမ်မလီအောင်တို့အတွက် ခြိမ်းခြောက်စရာဟုထင်နေခြင်းပင်။

" နွေလေးကိုခေါ်ပေးမယ်"

ဒေါ်အမ်မလီအောင်က ဖုန်းခေါ်လိုက်လေသည်။ ခဏကြာတော့ နွေက ဘီယာဘူးကိုင်ကာ ဆင်းချလာလေသည်။

နှလုံးသားတစ်ခုကို ထုဆစ်ခြင်းWhere stories live. Discover now