မိသားစုညစာစားပွဲတွင်
" နွေ..နောက်လ ပြင်သစ်သွားဖို့ပြင်ထားတော့"
ဒေါ်အမ်မလီအောင်၏စကား.တောင်းဆိုနေခြင်းမပါ။ အမိန့်ပေးထားလိုက်ခြင်းပင်။" သွားစရာမလိုဘူး...ဟန်နီ...ကိုယ်တို့သမီးက အမှားလုပ်ထားတာမဟုတ်ဘူး..ဒီတော့ ရှောင်စရာမလိုဘူး"
ဒယ်ဒီ၏စကားကြောင့် နွေတစ်ချက်ပြုံးလိုက်မိသည်။ သူကိုယ်တိုင်လည်း သွားဖို့က စိတ်မပါချေ။" ဒါလင်...အကုန်စီစဉ်ပြီးသွားပြီ"
" ဖျက်လိုက်လို့ ဘာမှမဖြစ်ပါဘူး"
ဒေါက်တာမြတ်မင်းအောင်တစ်ချက်လွှတ်အမိန့်ကြောင့် နွေမှာ ပြင်သစ်သို့သွားရကိန်းမှ ဝေးလေသည်။
တစ်နေ့ နွေဆေးရုံကြီးတွင် လူနာတစ်ယောက်ကို ခွဲစိတ်ပြီး၍ ထွက်လာစဉ်
" ဒေါက်တာရှင့်"
" ဪ..မစု ပြောလေ"
" ဒေါက်တာ ခွဲခန်းဝင်တုန်းက..ဖုန်းလာတယ် ဩဂတ်စ်မိုးလို့ပြောပါတယ် ပြန်ခေါ်ဖို့လည်း မှာထားပါတယ်"
" ဟုတ်ကဲ့ကျေးဇူးနော် မစု"
သူနာပြုဆရာမ မစုမှာ ပြုံးပြုံးလေးဖြင့်ထွက်သွားလေသည်။ သူလည်း နွေ့ကို တိတ်တခိုးသဘောကျနေသူပင်။
နားနေခန်းရောက်မှ သူ့ကိုယ်ပိုင်စားပွဲပေါ်က ဖုန်းကိုကိုင်လိုက်သည်။
" ဩဂတ်စ် ဖုန်းခေါ်ထားတယ်ဆို...ဘာကိစ္စ"
" ဪ...အေး..သံစဉ့်ကိစ္စလေ...ငါ့အသိပြောလို့မာလာရှိတဲ့နေရာသိပြီတဲ့..အဲတာကွာ...ရွာက ခေါင်တယ်...ဒီတော့ ရွာမှာရှိတဲ့ နယ်ဆေးရုံlocation ကိုပို့ထားလိုက်တယ်။ မင်းကအရင်သွားပြီး ဆေးရုံကတစ်ယောက်ကို လမ်းပြခိုင်း၊ ရွာထဲကျ မင်းသွားရင်လည်နေမယ်...ငါပြီးမှ သံစဉ့်ကိုဖုန်းဆက်လိုက်မယ်"
" ဪ...အေးအေး..ငါနောက်တစ်နာရီနေရင် ဂျူတီလဲတော့မှာ အဲကျ သွားလိုက်မယ်"
" ဟုတ်ပြီ..ငါအခု ပြင်ဦးလွင်ရောက်နေလို့ရယ် မဟုတ်ရင်ငါသွားတယ်"
" ရပါတယ်...ပြင်ဦးလွင်က ပြန်လာရင် ငါ့ဖို့ စတော်ဘယ်ရီသီးဝယ်ခဲ့ပေး"

YOU ARE READING
နှလုံးသားတစ်ခုကို ထုဆစ်ခြင်း ( Uni+Zawgyi)
Lãng mạnမင်းကိုချစ်မိမှပဲ ငါ့မှာ အသည်းနှလုံးရှိသေးမှန်း သတိထားမိတော့တယ်။