"ဒီနေ့လည်းဘယ်တွေလျှောက်သွားနေပြန်တာလဲ ကလေးလေးရယ်"
ပြောရင်း computer screenမှာပေါ်နေတဲ့
ကလေးလေးရဲ့မျက်နှာကိုလက်နဲ့
အသာအယာပွတ်သပ်လိုက်သည်။တကယ့်အထိအတွေ့မဟုတ်တာတောင်
ကလေးလေးဟာဂါအူးလ်ကိုရင်ခုန်အောင်
ပြုစားနိုင်သည်။မုန်းလိုက်တာ... ကလေးလေးကို
screenပေါ်ကနေတစ်ဆင့်မြင်နေရတာကို
မုန်းတယ်...။ လူကိုယ်တိုင်သူ့ဆီသွားပြီး
သူ့မျက်နှာလေးကိုတစိမ့်စိမ့်ထိုင်ကြည့်ချင်
လိုက်တာ။အဲ့လိုလုပ်လို့မရနိုင်တော့အဝေးကနေသာ
ငေးမျှော်ကြည့်နေရသည်...။ ဒါပေမယ့်
ဒါဟာအချိန်အတိုင်းအတာတစ်ခုထိပါပဲ
အဲ့လိုအချိန်တွေကျော်လွန်သွားရင်တော့
ကလေးလေးဟာသူ့အပိုင်ဖြစ်ရလိမ့်မည်။တီ... တီ...
ဖုန်းကနေအချက်ပေးသံကမြည်လာသည်။
ကြည့်ရတာကလေးလေးရဲ့locationကို
ပြလာပုံပါပဲကလေးလေးဘယ်သွားသွားသိရနိုင်အောင်
သူ့ကားမှာခြေရာခံစက်တက်နိုင်လိုက်ခြင်းဟာ ဂါအူးလ်အတွက်တော့အကြီးမားဆုံး
အောင်မြင်မှုဖြစ်၏ဂါအူးလ်မြန်ဆန်စွာနဲ့ပဲဖုန်းကိုကောက်ကိုင်
ကာပြလာတဲ့locationကိုကြည့်လိုက်သည်။"ဟင်...hotelလား...။ သူကhotelကို
သွားပြီးဘာလုပ်မှာလဲ"ကားရဲ့locationဟာhotelတစ်ခုဆီသို့
ဦးတည်နေတာကိုဂါအူးလ်မြင်လိုက်ရတော့
ရုတ်တရက်ထောင်းကနဲထွက်လာတဲ့
ဒေါသတွေနဲ့အတူဖုန်းကိုအားနဲ့ဆုပ်ကိုင်ကာ
ညစ်ချလိုက်မိသည်။စိတ်ထဲမှာလည်းထူပူနေခဲ့သည်။
ကလေးလေးကဘာလုပ်ဖို့hotelကို
သွားရတာလဲပေါ့locationကတစ်ဆင့် ကလေးဘေးမှာ
ဘယ်သူပါသေးလဲကြည့်လိုက်တော့
ဘယ်သူမှတော့မပါပါအဲ့တော့မှပဲဂါအူးလ်ရင်ထဲကအလုံးကြီးဟာ
အနည်းငယ်ကျသွားတော့သည်။ ဒါပေမယ့်
ဒါကစိတ်ချရသေးတာတော့မဟုတ်
ဂါအူးလ်ကိုယ်တိုင်လိုက်သွားမှဖြစ်မည်"ကလေးလေးကတော့ ဒီကမမကို
စိတ်မချအောင်လာလုပ်နေတာပဲ"ရူးသွပ်နေတဲ့အပြုံးတစ်ခုဟာဂါအူးလ်
မျက်နှာပေါ်တွင်ထင်ရှားလာသည်။