stalkerတစ်ယောက်ရဲ့stalker

317 37 0
                                    

"ဒီနေ့လည်းဘယ်တွေလျှောက်သွားနေပြန်တာလဲ ကလေးလေးရယ်"

ပြောရင်း computer screenမှာပေါ်နေတဲ့
ကလေးလေးရဲ့မျက်နှာကိုလက်နဲ့
အသာအယာပွတ်သပ်လိုက်သည်။

တကယ့်အထိအတွေ့မဟုတ်တာတောင်
ကလေးလေးဟာဂါအူးလ်ကိုရင်ခုန်အောင်
ပြုစားနိုင်သည်။

မုန်းလိုက်တာ... ကလေးလေးကို
screenပေါ်ကနေတစ်ဆင့်မြင်နေရတာကို
မုန်းတယ်...။ လူကိုယ်တိုင်သူ့ဆီသွားပြီး
သူ့မျက်နှာလေးကိုတစိမ့်စိမ့်ထိုင်ကြည့်ချင်
လိုက်တာ။

အဲ့လိုလုပ်လို့မရနိုင်တော့အဝေးကနေသာ
ငေးမျှော်ကြည့်နေရသည်...။ ဒါပေမယ့်
ဒါဟာအချိန်အတိုင်းအတာတစ်ခုထိပါပဲ
အဲ့လိုအချိန်တွေကျော်လွန်သွားရင်တော့
ကလေးလေးဟာသူ့အပိုင်ဖြစ်ရလိမ့်မည်။

တီ... တီ...

ဖုန်းကနေအချက်ပေးသံကမြည်လာသည်။
ကြည့်ရတာကလေးလေးရဲ့locationကို
ပြလာပုံပါပဲ

ကလေးလေးဘယ်သွားသွားသိရနိုင်အောင်
သူ့ကားမှာခြေရာခံစက်တက်နိုင်လိုက်ခြင်းဟာ ဂါအူးလ်အတွက်တော့အကြီးမားဆုံး
အောင်မြင်မှုဖြစ်၏

ဂါအူးလ်မြန်ဆန်စွာနဲ့ပဲဖုန်းကိုကောက်ကိုင်
ကာပြလာတဲ့locationကိုကြည့်လိုက်သည်။

"ဟင်...hotelလား...။ သူကhotelကို
သွားပြီးဘာလုပ်မှာလဲ"

ကားရဲ့locationဟာhotelတစ်ခုဆီသို့
ဦးတည်နေတာကိုဂါအူးလ်မြင်လိုက်ရတော့
ရုတ်တရက်ထောင်းကနဲထွက်လာတဲ့
ဒေါသတွေနဲ့အတူဖုန်းကိုအားနဲ့ဆုပ်ကိုင်ကာ
ညစ်ချလိုက်မိသည်။

စိတ်ထဲမှာလည်းထူပူနေခဲ့သည်။
ကလေးလေးကဘာလုပ်ဖို့hotelကို
သွားရတာလဲပေါ့

locationကတစ်ဆင့် ကလေးဘေးမှာ
ဘယ်သူပါသေးလဲကြည့်လိုက်တော့
ဘယ်သူမှတော့မပါပါ

အဲ့တော့မှပဲဂါအူးလ်ရင်ထဲကအလုံးကြီးဟာ
အနည်းငယ်ကျသွားတော့သည်။ ဒါပေမယ့်
ဒါကစိတ်ချရသေးတာတော့မဟုတ်
ဂါအူးလ်ကိုယ်တိုင်လိုက်သွားမှဖြစ်မည်

"ကလေးလေးကတော့ ‌ဒီကမမကို
စိတ်မချအောင်လာလုပ်နေတာပဲ"

ရူးသွပ်နေတဲ့အပြုံးတစ်ခုဟာဂါအူးလ်
မျက်နှာပေါ်တွင်ထင်ရှားလာသည်။

Stalker×Stalker || Ramrangz✓Where stories live. Discover now