leeseo pov:
"ဒါဆို ညီမသွားတော့မယ်နော်"
"အေးအေး ဂရုစိုက်သွား"
အစ်မယူဂျင်းကိုနှုတ်ဆက်ပြီးနောက်
လှည့်ထွက်သွားတဲ့ဟျွန်းဆောခြေလှမ်းတို့ဟာခပ်သွက်သွက်ရယ်...။ဒီနေ့ကဟျွန်းဆောသန့်ရှင်းရေးတာဝန်ကျတဲ့
နေ့မို့ အတန်းဆီစောစောရောက်အောင်
အတက်နိုင်ဆုံးသွားနေမိသည်..။အတန်းနောက်ကျရင်ဆူငေါက်တက်တဲ့
သင်္ချာဆရာကြောင့်လည်းပါတာပေါ့ဘုတ်!
ကော်ရစ်ဒါအဆုံးကလှေကားအဆင်းနားတွင် လူတစ်ယောက်နဲ့ဝင်တိုးမိတဲ့
ဟျွန်းဆောအဖြစ်ဟာ ရယ်ရခက်ခက်
ငိုရခက်ခက်...။ ရင်ဘတ်ကိုမှတည့်တည့်
ဝင်တိုးလာတဲ့သူ့ကြောင့် အင့်ကနဲတောင်
ဖြစ်သွားရသည်။"အဆင်ပြေရဲ့လား"
ခေါင်းငုံ့ထားတဲ့သူ့ပခုံးကိုဟျွန်းဆော
အသာဆုပ်ကိုင်ကာမေးလိုက်မိတော့
သူကမော့ကြည့်လာခဲ့သည်။မော့ကြည့်လာတဲ့အခါ မြင်လိုက်ရတဲ့
မျက်နှာလေးကြောင့်ဟျွန်းဆောဆွံ့အ
ရသည်။baby faceလေးနဲ့ကောင်မလေးတစ်ယောက်
ဟျွန်းဆောကိုမျက်လုံးအဝိုင်းသားလေးနဲ့
စိုက်ကြည့်နေခဲ့သည်။ဟျွန်းဆောကိုယ်တိုင်လည်း သူကိုယ်တိုင်
တောင်သတိမထားမိပဲ ပြန်ပြီးအကြာကြီး
စိုက်ကြည့်နေခဲ့မိတာပဲ...။ အချိန်တွေ
ဘယ်လောက်တောင်ကုန်ဆုံးသွားပြီလဲ
တောင်သတိမထားမိတော့....ရင်ခုန်နှုန်းတွေမြင့်တက်လာတာထိန်းချုပ်
လို့တောင်မရနိုင်ဘူး...။ ဒီမှာသာကြာကြာ
ဆက်နေရင် ရင်ဘတ်တစ်ခုလုံးပေါက်ကွဲ
ထွက်တော့မယ်ထင်တယ်"သွားတော့မယ်နော် အတန်းရှိသေးလို့"
နှမြောတမ်းတဖြစ်စွာနဲ့သူ့ပခုံးပေါ်က
ကိုယ့်လက်တွေကိုဖယ်လိုက်ရသည်။
ဖြစ်နိုင်ရင် ဒီနေရာကနေထွက်တောင်
မသွားချင်မိဘူး။ဂရုမစိုက်ချင်ယောင်ဆောင်ရင်းပဲ
ဟျွန်းဆောလှေကားထစ်တွေပေါ်ကနေ
ပြေးလွှားဆင်းသွားခဲ့လေ၏။