𝖿𝗂𝗏𝖾

84 12 0
                                    

(UNICODE)

Sohee's POV pt.1

ကြက်ကြော်စားနေရင်း ဆောဂျွန်းဆီမှစာဝင်လာသောကြောင့် toiletသို့ထွက်လာခဲ့သည်။
ဆောဂျွန်းပို့လိုက်တဲ့စာအရ သူ့၏စိတ်အခြေအနေမကောင်းတာကြောင့် ဆွန်းဟန်နှင့် ချန်း‌ေယာင်းရှေ့မှာ စကားမပြောချင်ပေ။
Toiletသို့ရောက်လာပြီး ဖုန်းခေါ်သော်လည်း ဆောဂျွန်းကတော်တော်နှင့်မကိုင်ပေ။

တခါ၊နှစ်ခါ၊သုံးခါမြောက်တွင်တော့ချက်ချင်းကိုင်လာပြီး
"ဘာလို့ဖုန်းကို စွတ်(ဇွတ်)ခေါ်နေတာလဲ ဒီအတိုင်းစာပို့လိုက်လဲရနေတာဘဲ"

"ဆောဂျွန်းနီးကစာရိုက်ရတာမကြိုက်ဘူးမလား အဲ့ဒါကြောင့်"

"အခုငါမအားဘူး ပြောစရာရှိတာမြန်မြန်ပြော"

"လမ်းခွဲမယ့်ကိစ္စက..."

"ဟုတ်တယ် မင်းနဲ့ငါလုံးဝဆက်မတွဲနိုင်တော့ဘူး"

"ဒါပေမယ့် ငါကမပြတ်ချင်ဘူးလေ အဲ့လိုတဖက်ထဲကပျက်လို့မရဘူးလေ"

"တွဲတာက‌လည်း မင်းဘက်ကဘဲတယောက်ထဲတွဲနေတာလေ ငါမင်းကိုချစ်တယ်လို့တောင်ပြောဖူးလို့လား"

တကယ်လဲတခါမှမပြောဖူးတာမလို့ ဆိုဟီးဘာမှကိုပြန်မပြောနိုင်တော့ပေ။

"အဲ့ဒါကြောင့် လမ်း(ကိုကိုးး) တော်ပြီ ငါ့ဆီဖုန်းထပ်မဆက်နဲ့ မင်းနဲ့ငါဇာတ်လမ်းပြီးပြီ"

"ဟယ် ဟယ်လို"

နောက်ဘက်ကနေ ကိုကိုဟုသောအသံကြားရပြီးသည့်နောက် ဖုန်းချသွားထဲက ဒါဘယ်လိုအခြေအနေမျိုးလဲဆိုတာလူတိုင်းသိသည်။

မျက်နှာကိုခပ်ကြမ်းကြမ်းပွတ်သပ်ပြီး Toiletထဲမှထွက်လာခဲ့သည်။
ဆောဂျွန်းရဲ့ပြောစကားတွေကြားများ နေသားကျနေပြီဆိုပေမယ့် အခုကလမ်းခွဲလိုက်တာလေ
လုံးဝသူ့အနားမှာနေခွင့်မရှိတော့တာ
ဆိုဟီးခံစားရပေမယ့်လဲ ဒီလိုနေရာမှာတော့မငိုချင်ပါ။
ပြီးတော့သူတောင်းပန်လိုက်ရင်ပြန်ပြီးအဆင်ပြေသွားမှာပါဆိုပြီးထွက်လာခဲ့လိုက်သည်။

ဆောဂျွန်းရဲ့ accountထဲဝင်ကြည့်ရင်း ဆွန်းဟန်တို့နဲ့အတူတူကြက်ကြော်စားတဲ့ အခန်းတံခါးနားအရောက်မှာ သူ့accountထဲဝင်ကြည့်လို့မရတော့ပေ။
Refreshဆွဲ၊mobile data on/offကြည့်တော့လဲမရတော့ပေ။ဆိုဟီးကိုblockသွားပြီဖြစ်သည်။

𝗐𝗁𝗂𝗌𝗉𝖾𝗋𝖾𝖽 𝗋𝖾𝗀𝗋𝖾𝗍𝗌 (ꜱᴇᴜɴɢꜱᴏ)Where stories live. Discover now