(UNICODE)
Song Recommend : EXO-Moonlight
(ဒါလေးကိုတော့နားထောင်ပေးစေချင်ပါတယ် ရင်ထဲမှာတခုခုတော့ကျန်ခဲ့မှာပါ)အခြေအနေတွေကလည်းပြောင်းလဲသွားပြီး ဆွန်းဟန်လဲကျောင်းမသွားတာ တပတ်ပင်ပြည့်တော့မည်ဖြစ်သည်။
ဆက်တိုက်ဆိုဟီးကိုတောင်းပန်ပြီးရှင်းပြသော်လည်း
ဆိုဟီးဘက်ကလုံးဝကိုခါးခါးသီးသီးဖြစ်နေသည်။တကယ်တော့ လူတယောက်ကိုချစ်ကြောင်းဖွင့်ပြောတာက အပြစ်လဲမဟုတ်သလို တောင်းပန်စရာလဲမဟုတ်ပေမယ့် ဆွန်းဟန်ကတော့ ဆိုဟီးကိုတဖွဖွတောင်းပန်ခဲ့သည်။
အစထဲကအရှူံးနဲ့နေသားကျနေသူမလို့ ချစ်ရသူကိုတောင်းပန်ရတာလောက်က သိပ်တော့မခက်ခဲပေ။ထပ်ခါထပ်ခါတောင်းပန်မှူတွေကြား အီဆိုဟီးရဲ့ပြန်စာတစောင်ကြောင့် လုံးဝအဆက်အသွယ်ဖြတ်ရတဲ့အထိကိုဖြစ်သွားခဲ့ရသည်။
"ဆွန်းဟန်ရား
ငါကမင်းကိုသူငယ်ချင်းတယောက်လိုဘဲခင်တာ
ပြီးတော့ငါ့မှာချစ်သူရှိတယ် ငါဆောဂျွန်းကိုဘဲချစ်တယ် ဆောဂျွန်းကိုဘဲလက်ထပ်မှာမင်းကိုငါဘယ်တော့မှပြန်ချစ်လာမှာမဟုတ်တဲ့အတွက် မင်းငါနဲ့ဝေးရာကိုထွက်သွားပေးပါ ဟုန်းဆွန်းဟန်
မင်းမျက်နှာကိုတွေ့တိုင်း ငါ့ရဲ့ဖြူဖြူစင်စင်အချစ်တွေကိုစော်ကားသလိုခံစားရလို့ပါ
မင်းတောင်းပန်သလို ငါလဲမင်းကိုတောင်းပန်ပါတယ်
ထွက်သွားပေးပါ ငါ့အနားကနေ" ဟုပြန်စာရောက်လာချိန်ကစ၍ ဆွန်းဟန်စာတွေလဲမပို့တော့သလို ကျောင်းလဲမသွားတော့ပေ။
နှစ်ဆုံးစာမေးပွဲလဲနီးပြီဖြစ်၍ အိမ်မှာဘဲစာလုပ်မည်ဟုအိမ်ကိုပြောထားပြီး တကယ်တမ်းစာမလုပ်ဖြစ်တာက ဆွန်းဟန်အသိဆုံး။နေ့တိုင်းသူ့SNS accountတွေကို Refreshဆွဲကြည့်သော်လည်းဘာကိုမှတင်မထား။
သူ့ကြောင့်ဘဲလား သူ့အကြောင်းကိုတွေးရင်းဘဲလား
ဆောဂျွန်းကြောင့်လားတော့မသိပေမယ့် social media မှာ updateမဖြစ်သည်ကိုတော့သိပ်ဘဝင်မကျ။အခုဆိုရင်တပတ်ပြည့်ပြီဖြစ်ပြီး စာမေးပွဲဖြေရန်ပင်သိပ်မလိုတော့။
နောက်ဆုံးနှစ်ဖြစ်လို့ အမှတ်ဘယ်လောက်ဘဲရရ အောင်တော့အောင်,အောင်လုပ်ရမည်ဟုစိတ်ကိုတင်း၍ စာကိုပြန်လုပ်သော်လည်း စာထဲစိတ်ကသိပ်မပါပေ။
ဆိုဟီးဘာတွေဖြစ်နေလဲသူသိချင်သည်။
စာလုပ်ပျင်းသည့်ထိုကောင်လေး အခုရောစာတွေရရဲ့လား။
အစားရောပုံမှန်စားရဲ့လား။သူမရှိတော့ဘယ်သူနဲ့တူတူထိုင်လဲဆိုတာကအစ ဆိုဟီးနှင့်ပတ်သက်သမျှအကုန်သိချင်မိသည်။
YOU ARE READING
𝗐𝗁𝗂𝗌𝗉𝖾𝗋𝖾𝖽 𝗋𝖾𝗀𝗋𝖾𝗍𝗌 (ꜱᴇᴜɴɢꜱᴏ)
Ficțiune adolescenți𝖧𝗈𝗇𝗀 𝖲𝖾𝗎𝗇𝗀𝗁𝖺𝗇 × 𝖫𝖾𝖾 𝖲𝗈𝗁𝖾𝖾 "𝖨 𝗐𝖺𝗌 𝖾𝗇𝖼𝗁𝖺𝗇𝗍𝖾𝖽 𝗍𝗈 𝗆𝖾𝖾𝗍 𝗒𝗈𝗎."