🤚Chapter 65
ဝမ်ယွီက စွန်းယာရှန့်ကို အဘယ်ကြောင့် ပစ်မှတ်ထားနေကြောင်း ကျိအန်းနဉ် နားမလည်ပေ။ သူတို့၏ယခင်ဘဝတွင်ပင် ၀မ်ယွီက သူမအား ဤကဲ့သို့ ကြိုးကိုင်စီမံထားခြင်း မရှိခဲ့ပေ။ ဤဘဝတွင် သူက ဆက်လက်ပြီးတိတ်ဆိတ်မနေတော့ပေ။ ထို့အပြင် စွန်းယာရှန့်ကလည်း သူမကို မည်သို့မှ ဒုက္ခမပေးနိုင်ချေ။
ဝမ်ယွီ ရှင့်ရဲ့ ရည်ရွယ်ချက်ကဘာလဲ...
သူမ သူ၏အင်္ကျီလက်ကို ဆွဲကိုင်လိုက်သည်။
"ဝမ်ယွီ ရှင် အဲ့ဒီလိုလုပ်လို့မဖြစ်ဘူး..."
"ကိုယ် ဘာလုပ်နေလို့လဲ..."
ဝမ်ယွီက အနည်းငယ် ပြုံးလိုက်သည်။
"ကိုယ် သူ့ကို ဆွဲဆောင်ခဲ့တာလား ဒါမှမဟုတ် ကိုယ်က သူ့ကို တွန်းအားပေးခဲ့လို့လား... ကိုယ်က သူ့ကို ရိုးရိုးရှင်းရှင်းအခွင့်အရေးလေးတစ်ခု ပေးခဲ့ရုံပါပဲ..."
သူ၏တရားဝင်ချစ်သူ ကျိအန်းနဉ်ကို သူနှင့် အပြင်ထွက်ရန်အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း သူမက အကြိမ်တိုင်းငြင်းပယ်ခဲ့ပြီး သူနှင့် မည်သည့်အခါမှ မသွားဖြစ်ခဲ့ပေ။ သို့သော် သူ စကားအနည်းငယ်ပြောရုံဖြင့် စွန်းယာရှန့်က ကောင်းကောင်းမွန်မွန်ဝတ်စားကာ သူ့ကားထဲသို့ ၀င်လာသည်။
သူ့အမှားလား...
သူက ရုပ်ချောလို့လား...
သူ့မှာ ပိုက်ဆံရှိလို့လား...
သူက ကားအကောင်းစားကိုမောင်းလို့လား...
“ကိုယ့်ရဲ့သူငယ်ချင်းတွေက မင်းထင်ထားသလောက် မနိမ့်ကျကြပါဘူး... လူတိုင်းမှာ သူတို့ကန့်သတ်ချက်နဲ့သူတို့ ရှိပါတယ်... ပြီးတော့ သေချာတာတစ်ခုက သူတို့ကတရားမ၀င်တာတွေ မလုပ်ဘူး... ဒါက စိတ်ခံစားမှုနဲ့ ကစားတာမျိုး မဟုတ်ပါဘူး... နှစ်ဦးနှစ်ဖက် သဘောတူညီမှုတစ်ခုပဲ... စွန်းယာရှန့်က တစ်ခုခုတုံ့ဆိုင်းနေတာကို မင်းမြင်လို့လား... သူကဆွဲဆောင်မှုရှိပြီး ကျောင်းမှာ အာရုံစိုက်မှု ကင်းမဲ့နေတာမဟုတ်ဘူးလေ ဟုတ်တယ်မလား... သူက ကန်တင်းမှာ မစားချင်ပေမယ့် Michelin ကြယ်ပွင့်စားသောက်ဆိုင်တွေမှာ စားသောက်ချင်နေတယ်... သူ့ကို မင်းထိန်းချုပ်နိုင်လို့လား... ကိုယ်တို့က အခုဆိုရင် အရွယ်ရောက်ပြီးပါပြီ... လူတိုင်းက သူတို့ရဲ့ရွေးချယ်မှုကို သူတို့ကိုယ်တိုင်လုပ်ကြတာပဲ...”