"ဂျောင်ကုကီးလေးရေ ကိုကိုပြန်လာပြီနော်...."
မဲနယ်ရောင် အင်္ကျီဘောင်းဘီတိုဝမ်းဆက် ဝတ်ဆင်ထားသော ကလေးငယ်လေးသည် ဧည့်ခန်းထဲကအရုပ်ဆက်နေသော ဖွေးဖွေးလုံးလုံးသုံးနှစ်သားလေးကို တံခါးဝမှလှမ်းကြည့်ရင်းအော်ပြောသည်။
ဧည့်ခန်းထဲက သုံးနှစ်သားလေးက အသံလာရာကို တစ်ချက်သာ လှမ်းကြည့်ရင်း နှာခေါင်းလေးရှုံကာ တစ်ဖက်သို့ပြန်လှည့်သွားသည်။
"အယ်.."
တံခါးဝတွင်ရပ်နေသော ကလေးငယ်ဆီမှ အာမေဍိတ်သံလေး။
*ခွေးဖြူလေး ဆော့ဂျင်နီးကို ဘာကောက်ပြန်ပြီလဲ..*
နှုတ်ခမ်းရဲရဲလေးနဲ့ ရှစ်နှစ်သားလေးသည် တံခါးနားမှထွက်ကာ သုံးနှစ်သားလေးရှိသော ဧည့်ခန်းတွင်းသို့ ခြေလှမ်းသေးသေးလေးများဖြင့် ဝင်ရောက်သွားသည်။
ထို့နောက်အရုပ်ဆက်နေသော ကလေးလေးဘေး ဝင်ထိုင်သည်။ လက်ထဲတွင်ပါလာသည့် သုံးမြောင်ထမင်းလိပ်လေးတစ်ခုကို သုံးနှစ်သားလေးထံထိုးပေးသည့်အခါ တစ်ချက်မျှစွေကြည့်ခြင်းခံလိုက်ရသည်။
"မစားဘူးလား..ဂျောင်ကုကီးအတွက် ဝယ်လာတာ.."
ဆော့ဂျင်နီး၏အမေးကို မဖြေသေးဘဲ ခေါင်းလေးငုံ့ကာ အဆီရစ်နေသည့် ဗိုက်ပူပူလေးကိုငုံ့ကြည့်သည်။ ထို့နောက် ဆော့ဂျင်နီး၏လက်တစ်ဖက်ကို ဆွဲယူရင်းဗိုက်ပူပူလေးပေါ်တင်ကာ...
"ခွေးဖြူယေးမှာ တိုယ်ဝန်ချိနေပီယို့ တိုတိုနဲ့ရတာ.."
"အယ်.."
ဆော့ဂျင်နီးထံမှ ဒုတိယအကြိမ်အာမေဋိတ်အသံထပ်ထွက်သွားသည်။
သေချာပြီ..ခွေးဖြူလေးတော့ သူနဲ့ဗိုက်ကြီးတိုင်းဆော့တော့မယ်..။ ဆိုတော့ ဆော့ဂျင်နီးတို့လည်း ရောယောင်ပြီးဆော့ရတော့မှာပေါ့..
"ဒါဆိုကိုကို့ကလေးလေးက ခွေးဖြူလေးဗိုက်ထဲမှာပေါ့.."
"အွန်းယေ..ခွေးဖြူယေးတော့ ရမ်းးပျော်တာပဲ တိုတိုရယ်..အု အု.."
ရုပ်ရှင်ထဲက မင်းသမီးအိုက်တင်အတိုင်း လိုက်လုပ်နေတာလေးက မသိရင် တကယ်ကိုယ်ဝန်ရလို့ပျော်နေသလိုပဲ..။ ခွေးဖြူလေးက သူ့ဗိုက်လေးသူပွတ်ရင်း ဆော့ဂျင်နီးကိုမော့ကြည့်လာပြန်သည်။
ESTÁS LEYENDO
မေမေဆူလိမ့်မယ်(one short)