1

25.9K 197 0
                                    

Chosen – 1

Omega_HEAT: Wattpad

Omega_heat: Telegram

Club တစ်ခု၌ဖြစ်သည်။လျှပ်တစ်ပြက်မီးရောင်တွေကြားရောထွေးနေတဲ့ လူ့ခန္ဓာကိုယ်တွေ။ပူးကပ်နမ်းရှိုက်နေတဲ့ အတွဲတွေအပြင် အင်္ကျီကြားအပြင်စကပ်တိုထဲဝင်နေတဲ့ လက်တွေအထိတောင်ရှိနေကြသေးသည်။မိုးသက်ဆွေ စိတ်ညစ်တာပျောက်ဖို့ရာ အပျော်လေးရှာမလားဆိုတဲ့စိတ်နဲ့ သူငယ်ချင်းတစ်ခုခေါ်ရာ လိုက်လာမိပါတယ်။လူကြီး Club ကိုရောက်ရှိလာတော့ပါပဲ။အခုတော့ ပိုပြီးတောင်စိတ်ညစ်ပြီး အရက်ကို အဖော်ပြုပြီးသောက်နေရတဲ့အဖြစ်

“Daddy ကမဟုတ်တာပါကွာ baby ကြိုပြောထားတဲ့ ဟာကို”

“daddy အခုရောက်နေပြီပဲလေ Baby အခုချိန်ကလည်းဘာဖြစ်လို့လဲ”

“မသိဘူး စိတ်ဆိုးတယ် တကယ်ပဲသိလား”

ကြယ်စင့် စကားကြောင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ဘူး။နာရီဝက်လောက်နောက်ကျတာကို စိတ်ဆိုးနေတော့ ချော့ဖ်ို့ကလွဲပြီးမရှိပြန်။လက်ထပ်ဖို့အထိ ရည်ရွယ်ထားသလို လူကြီးမိဘတွေက လက်ထပ်ဖို့အထိ တိုက်တွန်းလှုံးဆော်ထားတာကြောင့် လက်မထပ်ခင်ဆက်ကြားမှာ အဆင်ပြေအောင် ညှိယူနေရတာဖြစ်သည်။ ဒီနေ့တော့ ကြယ်စင်က လုံးဝချော့မရပြုမရနဲ့ ထပြန်သွားတယ်။တစ်ယောက်တည်း Club မှာ အရက်ခွက်လိုက်မော့ချလိုက်သည်။နေရောင်မင်း ကိုယ်တိုင်လည်း စိတ်တိုနေတာ စားပွဲခုံအောက်ခြေကို ဖိနပ်ထိနဲ့ ဆောင့်ကန်ပြီး တောက်တစ်ချက်ခတ်မိသည်အထိ။ တခြားကိစ္စတွေသာမရှိရင် ထိုမိန်းကလေးကို သူသည်းခံနေမှာမဟုတ်ဘူး။

ခံတွင်းချဥ်လာသည်ကြောင့် Club နောက်တံခါးကနေထွက်လာပြီး ဆေးလိပ်မီးညှိကာထိုင်သောက်နေခဲ့သည်။အဲ့အချိန်မှာ ပဲ ထိုအနောက်တံခါးကပွင့်လာပြီး ဖုန်းပြောနေတဲ့ကောင်လေးတစ်ယောက်ထွက်လာလေသည်။

“တော်ပြီ ဟေ့ကောင် ငါပြန်တော့မယ် မင်းတို့ပဲဆက်ပျော်နေလိုက်”

“…”

“မင်းတို့လို မကချင်ပါဘူးကွာ ဘာfeeling မှာ မရှိဘူး မိုးဆွေဆိုတဲ့ကောင်ညစ်နေပါတယ်ဆို မင်တို့က ပိုညစ်အောင်လာလုပ်နေတယ် “

Chosen (Mpreg)(Complete )Where stories live. Discover now