𝗌𝖾𝗏𝖾𝗇 (𝖿𝗂𝗇𝖺𝗅)

96 17 0
                                    

(UNICODE)

Song recommend: Taylor Swift-Enchanted

နောင်တများစွာနဲ့တရက်ပြီးတရက်ဖြတ်သန်းလာရင်း
အခုဆိုလျှင်ဆိုဟီးကျောင်းပြီးလို့ အလုပ်ဝင်နေပြီဖြစ်သည်။

ဆွန်းဟန်ကိုလဲအခုထိကိုသတိရနေဆဲဖြစ်ပြီး နောင်တေတွေကလဲအရိပ်လိုရှိနေဆဲဘဲ။

ငယ်ရွယ်တုန်းက right personကိုအဝေးသို့တွန်းပို့ခဲ့သော်လည်း အခုတွင်တော့ထိုလူကိုသူ့အနားမှာရှိစေချင်သည်။ရူးမိုက်လွန်းတဲ့အတွေးဖြစ်သော်လည်း
ဆိုဟီး၏နေ့စဉ်အတွေးထဲမှာထိုအတွေးကနေရယူဆဲဘဲ။

ဆွန်းဟန်အကြောင်းတွေးရင်းနဲ့ ရုံးက canteenမှာထိုင်နေရင်း အီချန်းယောင်းကရောက်လာပြီး
ဖိတ်စာလေးတစောင်လာပေးလာသည်။

"Lee Chanyoung" ❤️ "Park Wonbin"ဆိုတော့ ဟိုအကိုနဲ့ဘဲပေါ့။

"Congratulations ချန်းယောင်းငီ"
"အင်း လာမယ်မလား"

"လာရမှာပေါ့ သူငယ်ချင်းအရင်ကြီးတွေဘဲကို"

"ဟိုဟာ ဆွန်းဟန်ကိုလဲဖိတ်ထားတယ်"ချန်းယောင်းရဲ့စကားအဆုံးမှာဆိုဟီးရဲ့နှလုံးခုံသံတွေကမြန်လာတယ်။

"အော် အဆက်အသွယ်ရှိတာလား"

"အင်း အစကတော့အဆက်အသွယ်မရပါဘူး အခုမှ တနှစ်လောက်ဘဲရှိဦးမယ်ထင်တယ်"

"အင်း"

"သူကအခု Americanမှာလေ basketballနည်းပြလုပ်နေတာ"

"တော်ပါသေးရဲ့ မဟုတ်ရင် ငါကအားနာနေတာ"

"အင်း ဒါဆိုငါပြန်တော့မယ် ဖိတ်စရာလူတွေလဲရှိသေးတော့"

"အွန်း ချန်းယောင်း"

ချန်းယောင်းပြန်သွားပြီးနောက် ဖိတ်စာလေးကိုထုတ်ပြီးဖတ်ကြည့်မိသည်။
ကြည့်နေရင်း လွန်ခဲ့တဲ့နှစ်များက အနက်ရောင်ဖိတ်စာ‌လေးကိုပါပြန်မြင်ယောင်လာတယ်။

မင်္ဂလာဆောင်ကသန်ဘက်ခါတွင်ဖြစ်ပြီး သူသိပ်မြင်ချင်နေတဲ့မျက်နှာလေးကိုမြင်ရတော့မယ်။

အခုရောဆိုဟီးရင်ဆိုင်ရဲလားဆိုရင်တော့
ရင်ဆိုင်ရဲပါသည်။
သူငယ်ချင်းတယောက်အနေနဲ့ အကြာကြီးဝေးကွာနေတဲ့အချစ်ဆုံးသူငယ်ချင်းကိုတွေ့ချင်ပါတယ်။

𝗐𝗁𝗂𝗌𝗉𝖾𝗋𝖾𝖽 𝗋𝖾𝗀𝗋𝖾𝗍𝗌 (ꜱᴇᴜɴɢꜱᴏ)Where stories live. Discover now