Part-2

20 5 0
                                    

Sammyတစ်ယောက် planချဖို့အိပ်ခန်းထဲပြန်ဝင်လာပြီး အရင်ဆုံးမှန်ကြည့်ရန်သွားလိုက်တယ်

(တကယ်ချောတာဘဲဟ နေပါအုံး လူကအညိုကြိုက်ရုံတင်မက မျက်လုံးရော ဆံပင်ကပါညိုနေတာဘဲ  အသားကတော့တကယ့်ကိုနို့နှစ်ရောင် နှာတံစင်းစင်းနဲ့မပြူးမကျယ်မျက်လုံးတွေက ကိုယ့်ကိုယ်ကိုပြန်ကြည့်တာတောင်စူးရှနေသလိုဘဲ လက်ချောင်းတွေကလဲသွယ်သွယ်သေးသေးလေးတွေ သူရဲ့ storage box ကိုစမ်းကြည့်ရမယ် soyu soyu မင်းရှိလား)

(ရှိပါတယ်host ဘာကူညီပေးရမလဲ)

(storage box ကဘယ်လိုသုံးရမှာလဲ)

(စိတ်ကတွေးပြီးရင် လက်နဲ့ကြိုက်တဲ့နေရာကိုနှိုက်လိုက်ပါ)

(ဟ မင်းပြောပုံကလဲ)

Sammy စိတ်က storage box ကိုလိုတယ်လို့တွေးပြီး ဘေးကဘာမှမရှိလေဟာပြင်ကိုဘဲလက်ထည့်လိုက်တော့ ပစ္စည်းတွေအများကြီးကိုမြင်လိုက်ရတယ်

(ဒါ ဒါ storage box ကြီးပေါ့ boxသာပြောတယ် နည်းတာကြီးမဟုတ် ငါဝင်လို့ရလား)

(ရပါတယ်host အခန်းထဲကိုဝင်သလိုဘဲဖြစ်ပြီး အပြင်ဘက်ကိုမြင်ရတဲ့မြင်ကွင်းကလဲရှိနေမှာပါ အဲ့ကနေပြန်ထွက်လို့ရပါတယ်)

(အော် ဟုတ်ပြီဟုတ်ပြီ ကျေးဇူးဘဲ)

(ရပါတယ်hostလိုအပ်ရင်ခေါ်လိုက်ပါ)

Sammyလဲဝင်သွားပြီ ပစ္စည်းတွေကိုလိုက်ကြည့်လိုက်တယ် မျိုးစေ့ထုတ်တွေ နဲ့နောက် ဖော့ပုံးကြီးတွေ ဖွင့်ကြည့်လိုက်တော့ အမဲလိုက်ထားတဲ့အသားတွေ သေချာဆေးကြောပြီးမှအခဲခံထားပုံရပြီး သွေးတစ်စတောင်မတွေ့ရဘူး နောက်ပြီး တစ်ခါမှမမြင်ဖူးတဲ့ထူးဆန်းတဲ့ပုံစံအသီးတွေ အသားတွေ

(ဒီလူကမချက်တတ်ဘဲ အမဲလိုက်ထားတာတွေကိုဘာလို့သက်သက်ကြီးသိမ်းထားရတာလဲ)

Sammyကြည့်နေရင်း လက်စွမ်းပြရန် သတိရသွားပြီး အခုမှလဲဗိုက်ကရုတ်တရက်ထဆာလာတော့ သူ storage box ထဲကနေကြက်သားလေးတွေယူပြီး ထွက်လာခဲ့တယ်

မီးဖိုခန်းထဲရောက်တော့ စောစောကတွေ့ခဲ့တယ် ဒေါ်ဒေါ်က

“သခင်လေး ဘာလိုလို့လဲ ဗိုက်ဆာလို့လား ဒေါ်ဒေါ်ဘာလုပ်ပေးရမလဲ”

Sammy and Another World Where stories live. Discover now