Part-3.2

8 3 0
                                    

Erinလဲ ဆိုယုနဲ့စကားပြောနေရင်း မိုက်သံတစ်ခုထွက်လာပြန်တယ်

“ဟုတ်ကဲ့ အခုဆိုရင်တော့ပြိုင်ပွဲမှာကျန်ရှိသူတွေက Iမျိုးရိုးက သခင်လေး I Erinနဲ့ Pမျိုးက P Yuတို့ဘဲဖြစ်ပါတယ်ခင်ဗျာ”

ဖြောင်း ဖြောင်း ဖြောင်း...(လက်ခုပ်သံ👏🏻)

“အခု round 5မှာတော့ မိမိတို့စိတ်ကြိုက်ချက်ခွင့်ရှိတာမလို့ ဈေးသွားချိန် 1နာရီခွဲပေးထားမှာဖြစ်ပါတယ် ဝယ်ပြီးအချိန်ပိုရင်လဲနားနေလို့ရသလို ချက်ရမည့်ဟာက နှပ်ထား ပြုတ်ထားတာမျိုးလုပ်ရမယ်ဆိုရင် စားဖိုမှူးကိုပြောပြီး ခွင့်ပြုလျှင်ကြိုလုပ်ထားလို့ရပါတယ်ခင်ဗျာ ဒါဆိုကျန်ရှိသည့်ပြိုင်ပွဲဝင်နှစ်ဦး ဈေးသို့သွားလို့ရပါပြီခင်ဗျာ တစ်ယောက်ကို 30ယူ ဆီပေးလိုက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ စင်အောက်မှာ ပိုက်ဆံထုတ်သွားကြပါခင်ဗျာ အချိန်ပြည့်ဖို့ 15minsလောက်အလိုဆို ကျွန်တော်တို့အော်ပေးပါမယ်နော်”

Erin လဲအသံဆုံးတော့ ဈေးဘက်ကိုထွက်လာပြီ

(ဆိုယု ရှိလား)

(ရှိတယ် host ဘာဖြစ်လို့လဲ)

(ငါကအခု Point 3200ရှိသွားပြီဆိုတော့ ဘာလုပ်လို့ရလဲ)

(အရင်ကမ္ဘာကပစ္စည်းတွေကိုမှာယူနိုင်ဖို့
Old world market ဖွင့်ရန် point 1000
ကျွန်တော့်ကိုပုံစံရွေးချယ်ပြောင်းရန် 1500)

(ဟ မင်းက ပိုတောင်ဈေးကြီးနေသေး)

(အော် hostရယ် ကျွန်တော်လို system လေးကို တစ်စိမ့်စိမ့်မြင်တွေ့နေရမှာ 1500ဆိုတာ ‌နည်းတောင်းနည်းပါသေးတယ်)

(ငါဒီကရာသီဥတုနဲ့သိပ်အသားမကျလို့ထင်တယ် ရင်ပြည့်သလိုဘဲအန်ချင်တယ်)

(ဗိုက်ကြီးနေတာနေမှာပေါ့)

(တော်ပါ old world market ကိုအရင်ဖွင့်မယ် ဘာလို့ဆို ငါ့မှာ ဆားအချိုမှုန့်တွေဘာမှမရှိဘဲ ချက်ရတာအရမ်းခက်တယ် အရသာကိုမနည်းညှိနေရတာ အဲ့တာတွေမှာမှရမယ်)

(အိုကေပါ)

Old World Market ပွင့်ပါပြီ 3ယူ ထည့်ကာ စတင်သုံးနိုင်ပါပြီ

(ထောင့်နားက နေရာကိုပိုက်ဆံထည့်ရင်ရပြီ ဝယ်မှာတွေကိုစုထားရင် ခြင်းတောင်းထရောက်သွားလိမ့်မယ်)

Sammy and Another World Where stories live. Discover now