Part 1

1.4K 88 6
                                    

အတိတ်ဘဝ

လင်းယွမ် ကအိမ်လည်းမရှိ၊ ကားလည်းမရှိ၊ ဘာလက်မှတ်မှလည်းမရှိဘဲ မှေးမှိန်ပြီးတိုတောင်းလှသောဘဝတစ်ခုသာပိုင်ဆိုင်ထားသည့် သာမာန်လူတစ်ဦးသာဖြစ်ပေသည်။ သာမန်မဟုတ်သည့်တစ်ခုတည်းသောအချက်မှာ သူကယောက်ျားတွေကိုကြိုက်နှစ်သက်ပြီး လိင်စိတ်ဖောက်ပြန်နေသူဟုဆိုနိုင်သောအရာသာဖြစ်သည်။

လင်းယွမ်၏မိခင်သည် ချောမောလှပသောမိန်းကလေးတစ်ဦးဖြစ်ပြီး အသက်၁၈နှစ်အရွယ်တွင်မြို့ကြီးတစ်မြို့၌အလုပ်သွားရောက်လုပ်ကိုင်ခဲ့သည်။ အသက်၁၉နှစ်အရွယ်တွင် ကိုယ်ဝန်ရကာငွေအ‌မြောက်အများနှင့်တကွ ရွာသိို့ပြန်ရောက်လာခဲ့သည်ကို ဆယ်မိုင်ဝန်းကျင်အတွင်းရှိ ရွာရှစ်ရွာမှ ရွာသားများအားလုံးသိကြသည်။ အဲ့ဒီငွေဖြင့် သူ့မိသားစုရဲ့အဖိုးဖြစ်သူက ရွာမှာပထမဦးဆုံးသော သုံးထပ်တိုက်အိမ်လေးကိုဆောက်ခဲ့ကြသည်။ ထိုသို့သုံးထပ်တိုက်တစ်ခုလုံးဆောက်ပြီးသည့်တိုင်အောင် လင်းယွမ်မိခင်ရရှိခဲ့သောငွေမှာ တော်တော်များများကျန်ရှိနေသေးသည်။

" လင်းမိသားစု နေတဲ့အိမ်က ညစ်ညမ်းတဲ့ငွေတွေနဲ့ဆောက်ထားတာလေ..ငါတို့အိမ်က အားဖန်သာအဲ့လိုဖြစ်ကြည့်ခဲ့ပါလား ငါသူ့ခြေထောက်တွေကိုရိုက်ချိုးပစ်မှာ"

"မင်းပြောတာအမှန်ဘဲ.. အဲ့ဒီမိသားစုက မိန်းကလေးရှို့အာက ကြည့်လိုက်ရင်တော့ ရိုးသားတဲ့ပုံလေးနဲ့ သူမကဒီလိုဟာမျိိုးတွေဖြစ်လာပြီး.. ဘိုးဘေးတွေရဲ့မျက်နှာနဲ့ မျိုးဆက်ရှစ်ဆက်လုံးကိုအရှက်ခွဲလိုက်တာဘဲ"

"ငါပြောပါတယ်..သူကတစ်ကယ့်အမှိုက်ပါဘဲဆိုမှ"

အဲ့ဒီအကြာင်းအရာတွေက လင်းယွမ်ငယ်စဥ်အချိန်ကတည်းကပင်အမြဲတမ်းကြားခဲ့ရသည်။ ဒီအတင်းအဖျင်းတွေကနေ ဖုံးကွယ်မထားတဲ့ ရှုံ့ချမှုတွေ၊ လှောင်ပြောင်မှုတွေနဲ့ ရွာသားတွေရဲ့မျက်လုံးကနေ ဖော်ပြလို့မရတဲ့ရှုတ်ထွေးတဲ့ ခံစားချက်တွေကိုမြင်တွေ့ခဲ့ရတယ်။ သူအသက်ကြီးလာတဲ့အခါမှာတော့ အဲ့ဒီခံစားချက်တွေက မနာလိုဖြစ်နေတဲ့ခံစားချက်တွေဆိုတာကို သူသဘောပေါက်လာခဲ့တယ်။

Rebirth : နေရာလွတ်နှင့်အတူပိုကောင်းသောဘဝစီသို့ (MM translation) (ခေတ္တရပ်နား)Where stories live. Discover now