Part 7

546 71 6
                                    

လင်းယွမ် ထိုညတစ်ညလုံးကောင်းမွန်စွာမအိပ့်စက်နိုင်ခဲ့ဘဲ တစ်ညလုံး အတိတ်ဘဝမှအဖြစ်အပျက်များကိုသာ အိမ်မက်မက်နေခဲ့သည်။ သူနိုးလာတဲ့အခါမှာတော့ အိပ့်ရာပေါ်မှာလှဲလျောင်းနေပြီး ဘိုးဘွားပိုင်အိမ်၏အိုဟောင်းနေသော မျက်နှာကျက်အား ဗလာဖြစ်နေသောမျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။အချိန်တစ်ခုကြာကာမှ သူပြန်လည်မွေးဖွားလာခဲ့ပြီဖြစ်ကြောင်းအမှတ်ရလိုက်ပြီး စိတ်မချမ်းသာစရာအတိတ်က ရေခိုးရေငွေ့များကဲ့သို့ပင်ပျောက်ကွယ်သွားခဲ့သည်။

"သေစမ်း! ငါ့အပင်တွေ" လင်းယွမ်ကျယ်‌လောင်စွာအော်ဟစ်လိုက်သည်။မနေ့ကသူပင်ပန်းလွန်း၍ နေရာလွတ်ကိုသွားပြီး စိုက်ပျိုးထားသည့်အပင်ပေါက်များကိုပင် သွားမကြည့်နိုင်ခဲ့ပေ။
လင်းယွမ် ချိုင့်ဝှမ်းထဲသို့ဝင်လိုက်သည်နှင့် ချိုင့်ဝှမ်း၌မြူလွှာများရှိနေသည်ကိုတွေ့လိုက်ရသည်။ ထိုမြူများကရွေ့လျားနေပြီး ချိုင့်ဝှမ်းတစ်ခုလုံးမှာ နတ်သမီးနယ်မြေကဲ့သို့ဖြစ်နေသည်။

လင်းယွမ်ကသူ့အရှေ့ကမြင်ကွင်းကို မျက်တောင်မခက်ဘဲကြည့်နေပြီး သူ့ဘာသာသူပြောလိုက်သည်။ "ငါတော့ချမ်းသာပြီ"

အစိမ်းရောင်အသီးများသီးနေသည့် ငရုပ်ပင်များ၊ကွေးနေသည့်အကိုင်းများပေါ်၌ပြွတ်သိပ်ကာသီးနေသော အနီရောင်ခရမ်းချဉ်သီးပင်များ၊ပန်းဂေါ်ဖီအပွင့်ကြီးများ၊မြစိမ်းရောင်ကျောက်စိမ်းကဲ့သို့ စိမ်းစိုနေသော ဂေါ်ဖီထုပ်များ၊သခွားသီးများ၊ကုလားပဲနှင့် ပဲနီပင်များ၊အခြားသောစပျစ်အနွယ်ဝင်အပင်များနှင့်
လတ်ဆတ်လှသော အသီးအနှံများ များစွာပင်..

လင်းယွမ်ကထိုအထဲမှ နီရဲနေသောခရမ်းချဉ်သီးတစ်လုံးကို ခူးကာကိုက်စားလိုက်သည်။ အရသာက ချိုသည်၊ချဉ်သည် အရည်လည်းရွှမ်းနေကာ အခြားသောအရာသာများနှင့်အမှန်တစ်ကယ်ကိုမတူစွာဖြင့်စားကောင်းလွန်းလှသည်။

လင်းယွမ်ကခရမ်းချဉ်သီးသုံးလုံးကိုတစ်ထိုင်ထဲစားပစ်လိုက်ပြီး သခွားသီးတစ်လုံးကိုလည်းခူးကာမြည်းကြည့်လိုက်သည်။ ၎င်းကချိုမြိန်ပြီးကြွပ်နေကာ အရည်ရွှမ်ပြီးခရမ်းချည်သီးထပ်ပိုမွှေးလေသည်။ထိုတစ်လုံးကိုစားပြီးတဲ့နောက် ပိုကြီးသည့်တစ်လုံးကိုခူးကာ ထပ်စားလိုက်သည်။အရသာက ပို၍ပင်ကောင်းနေသေးသည်။

Rebirth : နေရာလွတ်နှင့်အတူပိုကောင်းသောဘဝစီသို့ (MM translation) (ခေတ္တရပ်နား)Where stories live. Discover now