Part 5

496 59 1
                                    

ခွဲထွက်ခြင်း (အပိုင်း၁)

‌"ဘာလို့လုပ်ပေးရမှာလဲ?"

ကျီဖန် အံ့ဩသွားကာ "ငါကနင့်အဒေါ်မို့လို့လေ..‌ခွေးကောင်လေး အတောင်တွေစုံနေပြီမို့ ငါ့ကိုအာခံနေတာလား" ကျီဖန်ကပြောရင်းနှင့် လက်ဖြင့်လှမ်းရိုက်လိုက်သည်။

လင်းယွမ်ကလည်း ကျီဖန်၏လက်ကောက်ဝတ်အား ဆွဲဖမ်းလိုက်ပြီး "ခင်ဗျားက ကျွန်တော့်အဒေါ်ဖြစ်ထိုက်လို့လား?"

လင်းယွမ်၏ယခုအသွင်အပြင်က သူမအားအကြောင်းပြချက်မရှိ စိတ်မသက်မသာဖြစ်နေစေလေသည်။သို့သော်လည်း ခဏလောက်စဉ်းစားပြီးတဲ့အခါမှာ သူ့အမေလင်းယုရှို့တောင် သူမလက်အောက်မှာနေခဲ့ရပြီး သူမကိုမလှန်ဝံ့မှတော့ ဒီခွေးကောင်လောက်လေးက အဘယ်သို့လှန်ဝံ့မည်နည်းဟုတွေးလိုက်သည်။

လင်းယွမ်က သူမရဲ့ပြောင်းလဲနေတဲ့ခံစားချက်ကိုမြင်လိုက်ကာ သူမလက်ကိုဆွဲဖယ်လိုက်ပြီး အေးတိအေးစက်ပြန်ပြောလိုက်သည်။

"ကျွန်တော် ခင်ဗျားတို့အတွက်ဘာမှလုပ်ပေးမှာမဟုတ်ဘူး..ခင်ဗျားတို့ရဲ့ကျွန်လဲမဟုတ်ဘူး..ပြီးတော့ကျွန်တော်ဘာဘဲလုပ်လုပ် ခင်ဗျားတို့နဲ့ဘာမှမဆိုင်ဘူး"

"မင်း..မျက်လုံးဖြူဝံပုလွေကောင်!မင်းဦးလေးက ဒီအသက်အရွယ်ထိပြုစုပျိုးထောင်ပေးခဲ့တာကို..အခုတော့အတောင်တွေစုံနေလို့ ခွဲထွက်ချင်နေပြီပေါ့လေ!!"

ကျီဖန်၏မျက်နှာမှာအလွန်ပျော်ရွှင်နေတဲ့ပုံသဏ္ဍန်ရှိနေပြီး လင်းယွမ်အားကြည့်နေသောမျက်လုံးများမှာအနည်းငယ်ပြူးကျယ်နေပြီး အသံမှာလဲမြင့်နေခဲ့သည်။

"ခွဲထွက်ဖို့လား? ဘာလဲ ငါ့မားသေပြီဆိုတော့ ငါ့ကိုလဲစွန့်ပစ်ဖို့ကိုမစောင့်နိုင်တော့ဘူးလား?" လင်းယွမ်က ကျီဖန်၏အတွေးများကိုရိုက်ချိုးပစ်ကာ " ဟုတ်တယ်..ကျွန်တော်လည်းခင်ဗျားတို့နဲ့အချိန်အကြာကြီးအတူမနေချင်တော့ပါဘူး..အခုဘဲအထုတ်ဆွဲပြီး ငါ့အိမ်ကနေထွက်သွားတော့!"

Rebirth : နေရာလွတ်နှင့်အတူပိုကောင်းသောဘဝစီသို့ (MM translation) (ခေတ္တရပ်နား)Where stories live. Discover now